အတင်းစကားတွေရဲ့ နောက်ကွယ်ကအကြောင်းတရားများ

blank

စာချစ်သူတို့ရေ…..

ရပ်ကွက်ထဲမှာ၊ ကိုယ့်အနီးနားပတ်ဝန်းကျင်မှာ အတင်းအဖျင်းပြောသူတွေနဲ့ ကြုံဖူးကြမှာပါ။ တစ်ခါတလေ အတင်းပြောသူတွေက ကိုယ့်ကိုပါလာပြောလို့ ကိုယ်တောင်အဆစ်ပါသွားတတ်ကြတယ်မဟုတ်လား။ တကယ်တော့ အတင်းအဖျင်းပြောတယ်ဆိုတာ ကိုယ့်မှာလုပ်စရာကိစ္စ နည်းနည်းပဲရှိတဲ့အကြောင်း ဖွင့်ချပြနေသလိုပါပဲ။ အတင်းအဖျင်းပြောသူတွေဟာ မလိုလားတဲ့အပိုစကားတွေကို ဖြည့်စွက်ပြောတတ်ကြတယ်။ ဒါကြောင့် အကျိုးမရှိတဲ့အတင်းစကားတွေကို ဝါသနာကြောင့်ပဲဖြစ်ဖြစ်၊ မသိလိုက်လို့ပြောမိတာပဲဖြစ်ဖြစ် ရှောင်ကြဉ်သင့်ပါတယ်။ ပြီးတော့ ကိုယ်ပြောလိုက်တဲ့စကားတွေက အတင်းစကားတွေမှန်းသိလိုက်ရပြီဆိုရင် ဘာကြောင့် ဒီလိုတွေဆက်ပြောနေရလဲဆိုတာ ပြန်စဉ်းစားကြည့်လိုက်ပါ။

လူအများစု အတင်းအဖျင်းပြောရတဲ့အခါ အကြောင်းရင်းတွေအများကြီး ရှိကြပါတယ်။ အဲ့ဒါဘာကြောင့်လဲဆိုတော့……..

၁။ ကိုယ့်စိတ်ကိုယ်မလုံတာကြောင့်

၂။ ကိုယ့်ရဲ့ကောင်းကြောင်းတွေကို ဂုဏ်ဖော်ချင်တာကြောင့်

၃။ တခြားသူတွေကို နိမ့်ကျသွားစေချင်တာကြောင့်

၎။ ကိုယ့်ရဲ့အားနည်းချက်တွေကို ဖုံးကွယ်ချင်တာကြောင့်

၅။ တခြားသူတွေထက် သာလွန်ချင်တဲ့ဆန္ဒကြောင့်

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကိုယ့်ရဲ့အခြေအနေတွေကို ကြွားဝါချင်တာကြောင့်

၇။ တခြားသူတွေမကောင်းကြောင်းပြောခြင်းက ကိုယ့်ကိုပိုကောင်းတဲ့သူဖြစ်စေတယ်လို့ ခံစားရတာကြောင့်

၈။ မရင့်ကျက်တာကြောင့်

၉။ ပြောစရာစကားမရှိတာကြောင့်

၁ဝ။ ကိုယ်သာ အနိုင်ရလိုတာကြောင့်

သင်သိထားတဲ့တခြားအကြောင်းရင်းလေးတွေရှိရင်လည်း ဝေမျှခဲ့ပါဦးနော်။