သင်က ဘယ်လိုအမူအကျင့်လေးတွေနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေသူလဲ။

blank

မိတ်ဆွေ…

တချို့လူတွေဟာ ကျန်းမာရေးထိခိုက်စေတယ်ဆိုတဲ့ အသင့်စား အစားအစာတွေကိုမှ ကြိုက်ကြပါ တယ်။ တစ်နေကုန် တီဗွီကြည့်ရင်း အချိန်ဖြုန်းတယ်။ ဘာလုပ်လုပ် အချိန်ဆွဲတယ်။ အားရင် အိပ်နေတယ်။ အွန်လိုင်းပေါ်မှာ အချိန်အများဆုံးကုန်နေကြတယ်။

ဒါတွေကလည်း အမူအကျင့်တွေပါပဲ။ တကယ်တော့ အဲ့ဒီ အမူအကျင့်တွေဟာ သူတို့ကို ခဏတာပဲ စိတ်ချမ်းသာစေပြီး ရေရှည်မှာ ဆိုးကျိုးဖြစ်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တချို့လူတွေကတော့ ဗဟုသုတအသစ်တွေ သင်ယူလေ့လာရတာကြိုက်ကြတယ်။ ကျန်းမာရေး အ တွက် လေ့ကျင့်ခန်းလုပ်တယ်။ သူတို့ကိုယ်သူတို့ အမြဲတွန်းအားပေးနေကြတယ်။ တီထွင်ဖန်တီးမှုတွေ ပြုလုပ် တယ်။ အနာဂတ်အစီအစဉ်တွေ ချမှတ်ထားကြတယ်။

အဲ့ဒီအမူအကျင့်တွေကတော့ သူတို့ကို တဖြည်းဖြည်းနဲ့ မြင့်မားတဲ့ဘဝဆီခေါ်ဆောင်သွားပြီး ရေရှည်မှာလည်း ကောင်းကျိုးတွေပဲ ဖြစ်ပေါ်လာစေပါတယ်။

သင်ကော ဘယ်လိုအမူအကျင့်လေးတွေနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေသူလဲ။