လုပ်ငန်းခွင်မှာ ပျော်ချင်လား။

blank

လုပ်ငန်းခွင်ဆိုတာ မတူညီတဲ့လူတွေစုပေါင်းပြီး တူညီတဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ စုစည်းနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာရှိတဲ့ လူတွေအားလုံး စိတ်ချမ်းသာပျော်ရွှင်ခြင်းအားဖြင့် လုပ်ငန်းတွေကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မယ်။ တစ်ဦးချင်းစီရဲ့ ဘဝတွေလည်း တိုးတက်လာမယ်။ ဝင်ငွေအပြင် ကိုယ်ပိုင်အရည်အသွေးတွေလည်း တိုးတက်လာမယ်မဟုတ်လား။ ဒါ့ကြောင့် လုပ်ငန်းခွင်မှာ ပျော်ရွှင်လာပြီး အလုပ်ကိုချစ်တတ်ဖို့ လုပ်ဆောင်ရမယ့်အရာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ တစ်လပြီးသွားတိုင်း တစ်လလုံး အလုပ်တွေ ကြိုးကြိုးစားစားလုပ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ဆုချပါ။

၂။ အလုပ်စားပွဲကို သန့်ရှင်းသပ်ရပ်နေအောင်ထားပါ။

၃။ မနက်တိုင်းမှာ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ နှစ်နာရီခြားတစ်ခါလောက် လမ်းလျှောက်ပေးပါ။

၎။ ခေါင်းဆောင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ အောင်မြင်ပြီးမြောက်မှုတိုင်းကို အသိအမှတ်ပြု ချီးကျူးပေးပါ။ ဝန်ထမ်းအနေနဲ့ လိုအပ်ချက်တွေကို မေးမြန်းပြီး တိုးတက်လာအောင် ဆောင်ရွက်ပါ။

၅။ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို အမြဲတမ်းသုံးသပ်ပါ။ တစ်ချိန်မှာ အလုပ်တစ်ခုပဲ လုပ်ပါ။

၆။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကူညီရိုင်းပင်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပါ။ မရှင်းလင်းတာတွေကို မေးမြန်းပါ။

၈။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ။

၉။ အလုပ်ကိုရောက်ရောက်ချင်းကိုယ့်ကို စိတ်ပျော်ရွှင်စေတဲ့ အရာတွေနဲ့ စတင်ပါ။ တစ်ခုခု ပြီးမြောက်သွားတိုင်း ကိုယ့်ကိုယ်ကိုယ်ဆုချပါ။ (ဥပမာ- အလုပ်တစ်ခုပြီးမြောက်တိုင်း ကိုယ့်ကိုယ်ကိုယ် ကော်ဖီဖျော်တိုက်တာမျိုး)

၁ဝ။ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့်အလုပ်တွေကို ချရေးထားပါ။ တစ်ခုချင်း၊ တစ်ဆင့်ချင်းဆောင်ရွက်ပါ။