ဘဝမှာ အချိန်ယူဆောင်ရွက်ရတဲ့အရာများ

blank

စာချစ်သူတို့ရေ…

စောင့်ဆိုင်းရတာတွေများတဲ့ ကမ္ဘာကြီးမှာ နေထိုင်ရတာ တစ်ခါတလေ ညည်းညူချင်စရာပါ။ ဒါပေမဲ့… စောင့်ဆိုင်းရတယ်ဆိုကတည်းက ဒါဟာ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာမို့ စောင့်နေမိကြတာပါ။ သဘာဝတ ရားအရလည်း မစောင့်ရင်မရတဲ့အရာတွေ လောကမှာ အများကြီးရှိနေပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တွေကလည်း ဘဝမှာ အချိန်ယူလုပ်ဆောင်ရတဲ့အရာတွေပါပဲ။

ဘာလေးတွေလဲဆိုရင်…

၁။ အဆင်မပြေတဲ့ပေါင်းသင်းဆက်ဆံရေးကို ပြုပြင်ခြင်း

၂။ ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် ကြိုးစားခြင်း

၃။ ဝမ်းနည်းပူဆွေးမှုကို ဖြေဖျောက်ခြင်း

၎။ မျိုသိပ်ထားတဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း

၅။ တခြားသူတွေအပေါ် သင့်ခံစားချက်ကို ပြောပြခြင်း

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၆။ ခွင့်လွှတ်ဖို့ ကြိုးစားခြင်း

၇။ စိတ်ဒဏ်ရာတွေ ကုသခြင်း

၈။ မအောင်မြင်တဲ့အချစ်ရေးထဲက ရုန်းထွက်ခြင်း

၉။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေခြင်း။

၁ဝ။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ပုံဖော်ဖန်တီးခြင်းတို့ပါပဲ။

အဲ့ဒီအချက်လေးတွေထဲက တစ်ချက်ချက်နဲ့များ တိုက်ဆိုင်နေတယ်ဆိုရင် စောင့်ဆိုင်းနေရခြင်း အပေါ် စိတ်မပျက်လိုက်ပါနဲ့နော်။ သဘာဝတရားကို စိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်ရင်း လိုရာခရီးကို လျှောက်လှမ်း သွားဖို့ တိုက်တွန်းအားပေးလိုက်ပါတယ်။

ကဲ… သင်ကော ဘယ်အချက်လေးတွေ ထပ်ဖြည့်ချင်လဲ။