သူများပျော်ရင် ကိုယ်လည်းပျော်ပါတယ်လို့ မပြောပါနဲ့။

blank

ကိုယ်ပျော်မှ သူများကိုလည်း စိတ်ချမ်းသာမှု ပေးနိုင်မှာပါ။

ကြုံဖူးမှာပါ။

လက်ရှိမှာ ကြုံနေရတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။

သူများပျော်အောင်ပဲ ကြိုးစားပေးနေမိတယ်။ ဒါမှမဟုတ် ကိုယ့်ဘေးကလူတွေရဲ့ စိတ်ချမ်းသာမှုကိုပဲ ဦး စားပေးဖြစ်နေတယ်။ ကိုယ်ချစ်တဲ့သူကိုပဲ ပြုံးပျော်အောင် တစ်ဖက်သတ်ပေးဆပ်နေမိတယ်။ အပြင်မှာပြုံးနေရ ပေမယ့် တကယ်တမ်းမှာ ကိုယ့်အတွက်က အဆင်ပြေမနေဘူး။ အဆင်မပြေတာတွေကို မျိုသိပ်ရင်း ရင်ထဲမှာ မွန်းကြပ်နေတယ်။

တွေးကြည့်ပါ။

တခြားသူတွေကို ပျော်ရွှင်စေချင်သလို ကိုယ်လည်းမပျော်ရွှင်သင့်ဘူးလား။ ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူး လား။ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းခွင့်မရသင့်ဘူးလား။ ကိုယ်ကကော တခြားသူတွေလို အရေးမကြီးဘူး လား။

မပျော်ရွှင်နေတဲ့လူတစ်ယောက်က သူများကို ပြည့်ဝတဲ့ပျော်ရွှင်မှုပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကိုယ့်ပျော်ရွှင်မှုကို အရင်တည်ဆောက်ပါ။

ဘယ်အရာတွေက ကိုယ့်ကိုပျော်ရွှင်စေလဲ။ ကိုယ့်ရဲ့နေ့ရက်တွေကို ပိုအဓိပ္ပာယ်ရှိစေတဲ့အရာတွေက ဘာတွေလဲ။ အဲ့ဒါလေးတွေ တွေးကြည့်ပါ။          မွန်းကြပ်မှုတွေဖြေဖျောက်ဖို့ စိတ်ပျော်ရွှင်စေတဲ့အရာတွေကို လုပ်ပါ။

တခြားသူတွေကို ပျော်ရွှင်စေချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင် ပျော်ရွှင်အောင် လုပ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့နော်။

သင်ကော သင့်ပျော်ရွှင်မှုကို ဘယ်လောက်အလေးထားတတ်သူလဲ။