စိတ်ဖိစီးမှု နဲ့တူတဲ့ ဖန်ခွက်ကို အမြန်ဆုံးပြန်ချထားလိုက်ပါ။

blank

ရေထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ကို ကိုင်ထားတယ်လို့ စိတ်ကူးကြည့်ပါ။

တစ်မိနစ်လောက် ကိုင်ရတဲ့အခါမှာတော့ အေးဆေးပါပဲ။

တစ်နာရီလောက်ကြာလာတဲ့အခါမှာတော့ လက်နာကျင်ကိုက်ခဲလာပါပြီ။

တစ်ရက်လောက်ကြာလာပြီဆိုရင်တော့ လက်ထုံကျင်ကိုက်ခဲလာပြီး အကြောသေသလို ခံစားလာရပါလိမ့်မယ်။

ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းလဲသွားတာမဟုတ်ပေမယ့် အချိန်ကြာကြာ ကိုင်ထားလေလေ ပိုမိုလေးလံလာလေလေပါ။

ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေဟာလည်း ရေထည့်ထားတဲ့ဖန်ခွက်လိုပါပဲ။

စိတ်ဖိစီးမှု၊ ပူပန်မှုတွေအကြောင်း ခဏတွေးမိတယ်။ ဘာမှမဖြစ်ဘူး။

အချိန်အနည်းငယ်ကြာအောင်တွေးမိတယ်။ အနည်းငယ်နာကျင်လာတယ်။

တစ်နေကုန်အောင် တွေးကြည့်မိတဲ့အခါမှာတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့အောင်ကို ဖြစ်လာပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှု၊ ပူပန်မှုတွေနဲ့တူတဲ့ ဖန်ခွက်ကို အမြန်ဆုံးပြန်ချထားလိုက်ပါ။

သင်ကော စိတ်ဖိစီးမှု၊ ပူပန်မှုတွေနဲ့ ကြုံလာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းဖြစ်လဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။