ဒေါသရဲ့ နောက်ဆက်တွဲ

ဒေါသထွက်ခြင်းဟာ သင့်ကို…

ဝမ်းနည်းစေတယ်။

စိတ်ပျက်လက်ပျက်ဖြစ်စေတယ်။

စိတ်ထိခိုက်စေတယ်။

အကျိုးယုတ်စေတယ်။

ပြီးတော့ အခြားသောဆိုးကျိုးတွေလည်း မြောက်များစွာရှိပါတယ်။

ဒေါသကင်းတဲ့သူဆိုတာမရှိဘူးဆိုပေမယ့် တစ်ချိန်လုံး ဒေါသထွက်နေတာကလည်း အဆင်မပြေပါဘူးနော်။
⁣⁣⁣⁣
သင် ခံစားနေရတာတွေကို လျစ်လျူမရှုထားပါနဲ့။

ဘာလို့ ဒီလိုခံစားနေရတယ်ဆိုတာ နားလည်နိုင်အောင် ကြိုးစားပါ။

ဒီဒေါသတွေကို ပြေပျောက်သွားအောင် ဘယ်နည်းလမ်းလေးတွေ အသုံးပြုနိုင်မလဲ စဉ်းစားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒေါသဆိုတာ သူ့အလိုလို ပြေပျောက်သွားတတ်တဲ့အရာမဟုတ်ပါဘူး။

ဒေါသတွေ ပြေလျော့သွားစေဖို့ နည်းလမ်းလေးတွေဆိုတာ လိုကိုလိုအပ်ပါတယ်။

စာချစ်သူတို့ကော ဒေါသတွေ ပြေလျော့သွားအောင် ဘယ်လိုနည်းလမ်းလေးတွေသုံးဖြစ်တယ်ဆိုတာ မျှဝေပေးသွားပါဦးနော်။