ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံရဲ့ အားကျအတုယူဖွယ်ရာ ပညာသင်ကြားရေးနည်းစနစ်များ

blank

၂ဝ၁၆ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ နိုင်ငံသားတိုင်းပျော်ရွှင်စွာ နေထိုင်ကြပြီး ကမ္ဘာ့အပျော်ရွှင်ဆုံး လူသားတွေအဖြစ်သတ်မှတ်ခံရဖို့ဆိုတာ တော်ရုံဘဝဖြတ်သန်းမှုမျိုးနဲ့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒိန်းမတ်နိုင်ငံသားတွေကတော့ ကမ္ဘာ့အပျော်ရွှင်ဆုံးလူးသားတွေဖြစ်ပါတယ်။ ဒါဟာ ဘာလို့လဲ။

ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ဘဝအစ သင်ယူမှုတွေစတင်ရာ အခြေခံကျောင်းတွေမှာ ကလေးတွေရဲ့ ဘဝအောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို အထောက်အကူုဖြစ်စေမယ့် သင်ကြားရေးနည်းစနစ်တွေကို အသုံးပြုလို့ပဲဖြစ်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။

၁။ စာမေးပွဲအမှတ်ကို အဓိကမထားဘဲ သင်ကြားပေးကြတယ်။

ဒိန်းမတ်နိုင်ငံကကျောင်းတွေမှာ ကလေးတွေကို စာမေးပွဲအောင်ဖို့ အဓိကထားပြီး သင်ကြားပေးတာမဟုတ်ဘဲ စူးစမ်းလေ့လာလိုစိတ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို မြင့်တက်အောင် သင်ကြားပေးတဲ့နည်းစနစ်ကို အသုံးပြုကြပါတယ်။ ဒီနည်းစနစ်ကြောင့် ကလေးတွေမှာ ကျောင်းစာနဲ့ပတ်သက်ပြီး ဖိအားတွေမရှိဘဲ ကိုယ်ရည်ကိုယ်သွေးတွေကို ကောင်းစွာဖော်ထုတ်နိုင်ပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါတယ်။

၂။ စာရေး၊ စာဖတ်တာထက် ကိုယ့်ကိုယ်ကို သိအောင် အရင်ဆုံးသင်ပေးတယ်။

ကလေးတွေကို ပညာသင်ချိန်ရောက်တာနဲ့ စာရေးစာဖတ်တာချည်းပဲ အတင်းသင်မပေးဘဲ ကိုယ့်ကိုယ်ကိုသိအောင်၊ ကိုယ့်ဝါသနာကိုသိအောင်၊ ကိုယ့်အစွမ်းအစကို ကိုယ်တိုင်နားလည်အောင် အရင်ဆုံး သင်ကြားပေးပါတယ်။ ဒီနည်းစနစ်ကြောင့် ကလေးတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆံ့နိုင်လာကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ့်အားကိုယ်ကိုးပညာရေးစနစ်နဲ့ သင်ကြားပေးတယ်။

ဒိန်းမတ်ကျောင်းသားတွေဟာ ကျောင်းမှာသင်မယ့်သင်ခန်းစာတွေအတွက် ကိုယ်တိုင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ဆရာက ခေါင်းစဉ်တစ်ခုပေးလိုက်တာနဲ့ အဲဒီခေါင်းစဉ်နဲ့ပတ်သက်သမျှအကြောင်းအရာတွေ၊ အချက်အလက်တွေကို ရှာရတယ်။ လိုရင်လိုသလို လက်တွေ့စမ်းသပ်ချက်တွေပြုလုပ်ရတယ်။ ပြီးတော့ လွတ်လပ်စွာ သုံးသပ်နိုင်တယ်။ ဒီစနစ်ကြောင့် ကလေးတွေမှာ တီထွင်ဖန်တီးမှုစွမ်းရည်၊ ကျိုးကြောင်းဆက်စပ်တွေးတောနိုင်မှု စွမ်းရည်နဲ့ ဗဟုသုတတွေ မြင့်တက်လာနိုင်ပါတယ်။

၎။ စာမေးပွဲအမှတ်တွေထက် ကျောင်းသားတစ်ယောက်ရဲ့ အမူအကျင့်နဲ့ စွမ်းရည်ကိုအလေးထားတယ်။

ဒိန်းမတ်နိုင်ငံကကျောင်းတွေမှာ အဆင့်ခွဲခြားသတ်မှတ်တာမျိုးတွေ မရှိပါဘူး။ စာကိုချည်း သင်ပေးတာမျိုးမဟုတ်ဘဲ အားကစား၊ အနုပညာ၊ ပေါင်းသင်းဆက်ဆံရေး စတဲ့ ဘာသာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ ကျောင်းသားတစ်ယောက်ကို တော်တယ်၊ ညံ့တယ်ဆိုတာကို စာမေးပွဲအမှတ်အပြင် ဘက်စုံထူးချွန်မှုနဲ့ သတ်မှတ်ကြပါတယ်။ ဒါတောင် ဒိန်းမတ်နိုင်ငံက ကမ္ဘာ့ပညာရေးအမြင့်မားဆုံးနိုင်ငံ ၁ဝနိုင်ငံမှာ ပါဝင်နေပါတယ်။

၅။ ဘဝရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို ကိုယ်တိုင်ရွေးချယ်ခွင့်လူတိုင်းမှာရှိတယ်။

လေ့လာချက်တွေအရေ ဒိန်းမတ်နိုင်ငံသားတွေရဲ့ ၁၁% လောက်ကသာ ဝါသနာထက် ဝင်ငွေကို ဦးစားပေးရတဲ့အလုပ်ကို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ကျန်တဲ့ ၈၉% ကတော့ ဝါသနာနဲ့ တစ်ထပ်တည်းကျတဲ့ အလုပ်ကို လုပ်နေကြပါတယ်။ ဒါဟာ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ဝါသနာပါရာဘာသာရပ်ကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ ပညာရေးစနစ်ကြောင့်ုဖြစ်ပါတယ်။ စာမေးပွဲအမှတ်ထက် ဝါသနာနဲ့ ကြိုးစားချင်စိတ်ကို အရင်းခံတဲ့ပညာသင်ကြားရေးစနစ်ကြောင့် ကျောင်းသားအားလုံးက စိတ်အားထက်သန်စွာ ကြိုးစားသင်ယူကြပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ…ဒိန်းမတ်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ သိပ်ကို အားကျအတုယူဖွယ် မကောင်းဘူးလားရှင်။ ကလေးတွေဆိုတာ တစ်ချိန်မှာ လူကြီးဖြစ်လာမယ့် နိုင်ငံရဲ့ကြယ်ပွင့်လေးတွေပါ။ ကလေးတွေသင်ယူတတ်တဲ့အရွယ်မှာ သွားရောက်သင်ကြားရတဲ့ ကျောင်းတွေရဲ့ သင်ကြားနည်းစနစ်တွေဟာ ကလေးတွေရဲ့ဘဝအတွက် သိပ်ကိုအရေးပါပါတယ်။ ဒီလိုမျိုးကလေးတွေရဲ့ ပညာရေးကို နိုင်ငံတော်အစိုးရအနေနဲ့လည်း နည်းစနစ်ကောင်းတွေနဲ့ ထောက်ပံ့ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ထုးချွန်ထက်မြက်တဲ့လူငယ်တွေဟာ နိုင်ငံအတွက် အင်အားသစ်တွေဖြစ်နေလို့ပေါ့။

ဒိန်းမတ်နိုင်ငံရဲ့ ပညာရေးစနစ်ကို သဘောကျတယ်ဆိုရင် SHARE လိုက်ပါ။