သင်… ဘယ်သူလဲ။

blank

ကလင်…ကလင်။

နှိုးစက်သံကြောင့် မျက်လုံးပွင့်လာတယ်။ ဇိမ်ဆွဲမနေအားဘူး။ မျက်နှစ်သစ်၊ သွားတိုက်၊ နံနက်စာချက်၊ ကလေးတွေအတွက် ကျောင်းသွားဖို့ပြင်ပေး၊ ယောက်ျား ရုံးသွားဖို့ ပြင်ပေး၊ ရေချိုး၊ ကလေးတွေကို ကျောင်းဝင် ပို့၊ ရုံးအမြန်ပြေး။ ရုံးရောက်တော့ စောစောစီးစီးနဲ့ကို ချွေးတွေနစ်နေပြီ။ ရုံးမှာလည်း အလုပ်တွေကို ပုံလို့။ မနေ့ ကကျန်တဲ့အလုပ်ကြွေးတွေကို ဖြတ်တယ်။ အချိန်ကုန်သွားတယ်။ တစ်နေကုန်လုပ်နေတာတောင် ညနေရုံး ဆင်းတော့ အလုပ်တွေမပြတ်ဘူး။

မတတ်နိုင်ဘူး… မနက်ဖြန်မှ ဆက်လုပ်ရုံပေါ့။

အိမ်အပြန်လမ်းမှာ ဈေးဝင်ဝယ်ရတယ်။ အိမ်ရောက်တော့ ကလေးတွေပြန်ရောက်နေပြီ။ သူတို့ကို အ ဝတ်လဲပေး။ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်။ ယောက်ျားပြန်လာ။ စားသောက်ကြ။ စားပြီးတော့ တီဗွီမှာ ကိုယ် ကြိုက် တဲ့ ဇာတ်လမ်းတွဲလာနေပြီ။ ကြည့်လိုက်ရင် စိတ်အပန်းပြေသွားမှာသိနေပေမဲ့ မကြည့်အားသေးဘူး။ စား သောက်ထားသမျှတွေ ဆေးကြောရတယ်။ မနက်ဖြန်အဆင်ပြေပြေလည်ပတ်နိုင်ဖို့ ချက်ပြုတ်စရာတွေ ပြင်ဆင် ရတယ်။ ကလေးတွေနဲ့ ယောက်ျားဝတ်ဖို့ အဝတ်တွေ မီးပူတိုက်ရတယ်။ ကလေးတွေ ကျောပိုးအိတ်ပြင်ပေးရ တယ်။ ပြီးတော့ ဘုရားရှိခိုး။ အိပ်ရာဝင်တော့ အားလုံးအိပ်ပျော်နေကြပြီ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အိပ်ရာထဲဝင်လိုက်တယ်။ ညတိုင်းတွေးနေကျအတွေးတွေ ဝင်လာတယ်။

ဒီနေ့ ငါပျော်ခဲ့လား။ ငါဘာတွေ ကောင်းတာဆိုးတာ လုပ်ဖြစ်ခဲ့လဲ။ တစ်နေ့တာအတွက် အသစ်အဆန်း တစ်ခုခု လေ့လာသင်ယူခဲ့မိရဲ့လား။ ငါ့ကို ချစ်တဲ့သူတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ရဲ့လား။ တစ်ရက်ကို ၂၄ နာရီရှိတယ်။ ငါ့ကိုယ်ငါအတွက် အချိန်ဘယ်နှမိနစ်ပေးဖြစ်ခဲ့လဲ။ ငါးမိနစ်လောက်လေးတောင် ငါ့အတွက် အချိန်မပေးမိပါ လား။
ဝှူး… ရှုပ်ပါတယ်ကွာ။ တစ်နေကုန်ပင်ပန်းထားတာ အရမ်းအိပ်ချင်နေပြီ။ နောက်မှပဲ အဲ့ဒါတွေ စဉ်းစား တော့မယ်။

အိပ်မပျော်ခင်လေးတော့ ကိုယ့်ကိုယ်ကိုယ် မေးမိပါရဲ့။

ငါ… ဘယ်သူပါလိမ့်။

ကဲ… သင်ကော ဘယ်သူလဲ။