ဘဝအတွက် အထောက်အကူဖြစ်စေမယ့် ဒဿနလေးများ

blank

ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေနေရင်း လမ်းပျောက်တဲ့အခြေအနေတွေကို ရင်ဆိုင်နေရပြီလား။ ဒါဆိုရင်တော့ ဒီစာစောင်လေးကို အချိန်ပေးပြီး ဖတ်လိုက်ပါ။ စာချစ်သူတို့အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။

၁။ “ပျော်ရွှင်မှုဆိုတာ တိုက်ယူရတဲ့ တိုက်ပွဲတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပြင်ဆင်ထားလိုက်ပါ။”

ကာ့ထ် ဗာ့နဂတ် (Kurt Vonnegut)

၂။ “ကိုယ် စိတ်ကူးသမျှ အရာအားလုံးဟာ အမှန်ဖြစ်လာပါတယ်။”

ပါ့ဘလို ပီကာဆို (Pablo Picasso)

၃။ “ပျော်ရွှင်မှုဆိုတာ ဝေမျှလိုက်လို့ လျော့သွားမယ့်အရာမဟုတ်ပါဘူး။”

ဗုဒ္ဓ

၎။ “အမှားတွေနဲ့ဘဝဟာ ဘာမှမလုပ်တဲ့ဘဝထက်တော့ ဂုဏ်ရှိပါတယ်။”

ဂျော့ခ်ျ ဘားနတ်ရှော (George Bernard Shaw)

၅။ “ကိုယ့်အကျိုးအတွက် လုပ်ခဲ့တဲ့အရာတွေဟာ ကိုယ်သေရင် ပျောက်ဆုံးသွားမှာဖြစ်ပြီး အများအတွက်လုပ်ခဲ့တဲ့အရာတွေကသာ အမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့မှာပါ။”

ကာလူ နဒူကြီး ကာလူ (Kalu Ndukwe Kalu)

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ “စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ပျော်ရွှင်ရဖို့ တကူးတကကြိုးစားနေစရာမလိုခြင်းပါပဲ။”

ချွင်းဆဲ (Chuang-Tse)

၇။ “ဒေါသထွက်လိုက်တဲ့ မိနစ်တိုင်းမှာ ပျော်ရွှင်မှု စက္ကန့်ခြောက်ဆယ်စာစီ ဆုံးရှုံးနေပါတယ်။”

ရာ့လ်ဖ် ဝါလ်ဒို အီမာဆန် (Ralph Waldo Emerson)

၈။ “တစ်နေ့တာ ၂၄ နာရီဆိုတာဟာ ကိုယ်တွေးချင်တာ အားလုံးတွေးနိုင်ဖို့၊ လျှောက်ချင်တဲ့လမ်းတွေ အားလုံးလျှောက်နိုင်ဖို့၊ ဖတ်ချင်တဲ့စာအုပ်တွေအားလုံး ဖတ်နိုင်ဖို့၊ တွေ့ချင်တဲ့သူငယ်ချင်းတွေ အားလုံးကို တွေ့နိုင်ဖို့အတွက် တိုတောင်းလွန်းပါတယ်။”

ဂျွန် ဘားရိုး (John Burroughs)

၉။ “ကံကြမ္မာက အကြောက်အရွံ့မရှိခြင်းကို ချစ်မြတ်နိုးပါတယ်။”

ဂျိမ်းစ် ရက်ဆယ်လ် လိုဝဲလ် (James Russel Lowell)

၁ဝ။ “အခုခေတ်မှာ ဝမ်းနည်းစရာအကောင်းဆုံးကတော့ လူတွေထက် သိပ္ပံပညာက ဗဟုသုတတွေပိုမိုစုဆောင်းနိုင်လာတာပါပဲ။”

အစ်ဆက် အက်စီးမို့ဖ် (Issac Asimov)

ကိုယ့်ဘဝခံယူချက်တွေကို ပြောင်းလဲလိုက်နိုင်ဖို့အတွက် အကောင်းမြင်စိတ်ရှိပါ။ ရဲရင့်ပါ။ လက်ကမ်းမျှဝေလိုက်ပါနော်။

ဒီစာစောင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။