ရတနာတွေကို ဘယ်နေရာမှာ သွားရှာကြမလဲ။

blank

ကွယ်လွန်ခါနီးအဘိုးအိုတစ်ယောက်ဟာ မိသားစုခြံရံပြီး အိပ်ရာပေါ်လဲလျောင်းနေပါတယ်။ နှုတ်က လည်း မပီမသနဲ့ “ သံပရာ သံပရာ” ဆိုပြီး ရေရွတ်နေပေမဲ့ သူ့မိသားစုကတော့ နားမလည်ကြပါဘူး။ သံပရာသီး တောင်းနေတာလား၊ ဘာများလုပ်မလို့ပါလိမ့်ဆိုပြီး တွေးမရဖြစ်နေတုန်းမှာပဲ အဘိုးအိုဟာ ဆုံးပါးသွားတော့ တယ်။ ကျန်ရစ်သူမိသားစုဟာ အဘိုးအိုကိုကောင်းမွန်စွာသဂြိုံဟ်ပေးပြီး နောက်ဆုံးစကားကို အလေးထား တဲ့အနေနဲ့ သံပရာသီးတွေတောင် အများကြီးအလှူအတန်းပြုပေးလိုက်ကြပါသေးတယ်။

အဘိုးအိုကွယ်လွန်ပြီး ၂ လခန့်အကြာမှာ ကျန်ရစ်သူမိသားစုဟာ အိမ်နဲ့ခြံကို ရောင်းလိုက်ကြပါတယ်။ ခြံရှင်အသစ်ဟာ ခေတ်မီတဲ့အဆောက်အဦပြန်ဆောက်ဖို့ဆိုပြီး အိမ်ဟောင်းကို ဖြိုချပါတယ်။ ဆောက်လုပ်ရေး လုပ်သားတွေဟာ အိမ်ဟောင်းဖြိုချပြင်ဆင်ရင်းနဲ့ မြေကြီးတူးဆွချိန်မှာ ကြီးမားတဲ့သေတ္တာကြီးတစ်လုံးကို တွေ့ ကြတယ်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ စိန်ရွှေရတနာအမြောက်အများကို အံ့သြစရာတွေ့လိုက်ကြရပါတော့ တယ်။ ဒါကိုသိလိုက်တဲ့ အိမ်နီးချင်းတွေက အဘိုးအိုရဲ့မိသားစုကို ပြန်အသိပေးကြတယ်။ ကျန်ရစ်သူမိသားစု ကလည်း ဒီရတနာတွေကို သူတို့ဆီပြန်ပေးဖို့ အိမ်ရှင်သစ်ကို တောင်းဆိုပေမဲ့ အိမ်ရှင်သစ်က ပြန်မပေးပါဘူး။ အိမ်နဲ့ခြံကို သူအပိုင်ဝယ်ယူလိုက်တာမို့ ခြံထဲပါလာသမျှကို သူပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။ အဘိုးအိုရဲ့ မိသားစု က တရားစွဲပေမဲ့လည်း အိမ်ရှင်သစ်ကပဲ အနိုင်ရသွားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီအချိန်မှာ အဘိုးအိုရဲ့မြေးလေးဟာ ခြံထဲကရတနာသေတ္တာတွေ့တယ်ဆိုတဲ့နေရာမှာ အရင် တုန်းက သံပရာပင်တစ်ပင်ရှိခဲ့တာကို သတိရသွားပါတယ်။ တကယ်တော့ အဘိုးအိုကွယ်လွန်ခါနီး “သံပရာ “ လို့ရေရွတ်ခဲ့တာဟာ ဒါကို ပြောချင်လို့မှန်း အခုမှ သိသွားကြပါတယ်။ သူတို့မိသားစုဟာ ခြံထဲမှာ အကြိမ်ပေါင်း များစွာ ဖြတ်သန်းသွားလာခဲ့ကြဖူးပါတယ်။ မြေးလေးကိုယ်တိုင်တောင် သံပရာပင်အနီးမှာ အကြိမ်ပေါင်းများစွာ ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီသံပရာပင်အနားမြေကြီးအောက်က ရတနာသေတ္တာကိုတော့ သူတို့လက်လွှတ်ခဲ့ ရပါပြီ။

အဲ့ဒီဇာတ်လမ်းလေးလိုပါပဲ။

လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ နှလုံးသားထဲမှာလည်း ရတနာသေတ္တာတွေရှိကြပါတယ်။ တစ်နည်းအားဖြင့် လူတိုင်းမှာ ထူးခြားတဲ့ကိုယ်ပိုင်စွမ်းရည်တွေ ပိုင်ဆိုင်ထားကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ သန်း ၇ ထောင်ကျော်လုံးသင်မဖြစ်နိုင်ပါဘူး။ သင်ဟာ သင်ပါပဲ။ တခြားသူတွေကို လိုက်တုဖို့ မကြိုး စားပါနဲ့။ သင့်ဘဝကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ သင့်အတွင်းစိတ်ထဲ နက်နက်ရှိုင်းရှိုင်းတူးဖော် ကြည့်ပါ။ ဒါဆိုရင် သင့်တန်ဖိုးတွေကို သင်ကိုယ်တိုင်ရှာဖွေတွေ့ရှိလာမှာပါ။

ကဲ… နောက်တစ်ခါ သံပရာလို့ကြားရင် မတွေဝေနဲ့ တော့နော်။ သင့်ကိုယ်သင်ရှာဖွေခြင်းခရီးစဉ်ကိုသာ အမြန်ဆုံးစတင်လိုက်ပါ။

သင်ကော သင့်ကိုယ်ပိုင်ရတနာတွေကို ရှာဖွေဖို့အဆင်သင့်ဖြစ်ပြီလား။