သင်သိထားတဲ့ဗဟုသုတတွေ ဘယ်လောက်မှန်ကန်ပါသလဲ

blank

❌ တစ်ပတ်လုံးအိပ်ရေးပျက်ထားသမျှ ပိတ်ရက်မှာ အိပ်နိုင်တယ်။

✔️ တကယ်တမ်းက တစ်ညကို ၇-နာရီမှ ၈-နာရီအိပ်စက်ဖို့သာ လိုအပ်ပါတယ်။

❌ သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဗီတာမင်တွေသောက်သင့်တယ်။

✔️တကယ်တမ်းက ဗီတာမင်ဖြစ်စေ၊ တခြားဓာတ်ပဲဖြစ်စေ ဆရာဝန်ညွှန်ကြားချက်နဲ့အညီသာ သောက် သုံးသင့်ပါတယ်။

❌ တစ်ရက်ကို ရေတစ်ကြိမ်၊ ဒါမှမဟုတ် နှစ်ကြိမ်ချိုးသင့်တယ်။

✔️ တကယ်တမ်းက တစ်ရက်ကို သင်လိုအပ်သလောက်ချိုးနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

❌  အအေးမိပြီး နှာချေနေတဲ့လူနဲ့ခပ်ခွာခွာနေသင့်တယ်။

✔️ တကယ်တမ်းက နေမကောင်းဖြစ်နေတဲ့သူနဲ့ တစ်နေရာတည်းမှာ အတူရှိမနေသင့်တာဖြစ်ပါတယ်။

❌  အစာစားပြီးတိုင်း သွားတိုက်သင့်တယ်။

✔️ တကယ်တမ်းက တစ်ရက်ကို နှစ်ကြိမ်သာသွားတိုက်သင့်ပါတယ်။

❌  နေ့လယ်စာစားပြီးတိုင်း တစ်ရေးတစ်မောအိပ်သင့်တယ်။

✔️ တကယ်တမ်းက အစာစားပြီးအိပ်တာက ဝိတ်တက်စေပါတယ်။

❌ မိုက်ခရိုဝေ့ဖ်က အစားအစာထဲမှာပါဝင်တဲ့ကျန်းမာစေတဲ့ဓာတ်တွေအားလုံးကို ဖျက်ဆီးပစ်နိုင် တယ်။

✔️ တကယ်တမ်းက မိုက်ခရိုဝေ့ဖ်ရဲ့ရောင်ခြည်တွေမှာ အက်တမ်၊ ဒါမှမဟုတ် မော်လီကျူးတွေကို ပြိုကွဲ စေနိုင်တဲ့အစွမ်းသတ္တိကင်းမဲ့ပါတယ်။

❌ များများအိပ်ရင် ကောင်းပါတယ်။

✔️ တကယ်တမ်းက ၈-နာရီကျော်အောင် အိပ်စက်ခြင်းက လေးလံထိုင်းမှိုင်းစေပါတယ်။

❌  နှိုးစက်ပေးထားတာက နိုးထဖို့အတွက် ပိုကောင်းတယ်။

✔️ တကယ်တော့ နှိုးစက်ကြောင့် ရုတ်တရက်လန့်နိုးလာတာက သင့်အတွက် ပိုဆိုးစေပါတယ်။

❌ သင့်အိမ်ကို အမြဲတမ်းသန့်ရှင်းရေးလုပ်ပေးသင့်တယ်။

✔️ တကယ်တမ်းက အားလုံးစုပေါင်းပြီး သန့်ရှင်းရေးလုပ်ခြင်းက ဓာတ်မတည့်စေမှုကို တိုးမြင့်စေပါတယ်။

❌ နေရာမျက်မှန်တွေအားလုံးက သင့်မျက်လုံးတွေကို နေရောင်ခြည်ဒဏ်က ကာကွယ်ပေးတယ်။

✔️ တကယ်တမ်းက အရည်အသွေးကောင်းတဲ့နေကာမျက်မှန်တွေကသာ သင့်မျက်လုံးတွေကို နေရောင် ခြည်ဒဏ်က ကာကွယ်ပေးတာပါ။

ဗဟုသုတလေးတွေကို မျှဝေဖို့ SHARE လိုက်ပါဦးနော်။