အချိန်က အရာအားလုံးကို ကုစားပေးသွားမှာပါ…

blank

          အချိန်ဟာ ဒဏ်ရာတွေအားလုံးကို ကုစားပေးနိုင်တယ်ဆိုတာ ပါးပေါ်မှာ မျက်ရည်တစ်စက်တောင် မကျတော့ဘဲနဲ့ နင့်ကို သတိရလိုက်နိုင်ကတည်းက သိလိုက်တာ။ ငါ့နှလုံးသားက နာကျင်မှုတွေကို မခံစားရတော့တာ လနဲ့တောင်ချီနေပါပြီ။ နာကျင်နေမယ့်အစား ဒီရက်တွေမှာ ငါ အကြိုက်ဆုံးသီချင်းတွေ ဆိုတယ်။ စိတ်ပါလက်ပါနဲ့ ပြုံးတယ်။ အကြိုက်ဆုံးတီဗွီရှိုးတွေ ကြည့်တယ်။ စာဖတ်တယ်။ အပြင်သွားတယ်။ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစားတယ်။ အခက်အခဲတွေ ကြုံလာတဲ့အခါမှာ လေးလံထိုင်းမှိုင်းဖို့ကောင်းတဲ့ အဲ့ဒီနေ့တွေအကြောင်း ပြန်စဉ်းစားကြည့်မိတယ်။ အခု ငါ ပိုင်ဆိုင်ထားရတဲ့ဘဝအတွက် ကျေးဇူးတင်တယ်။ အရာအားလုံးအတွက် ဒုတိယအခွင့်အရေးတွေ ရခဲ့လို့လည်း ကျေးဇူးတင်တယ်။ မှန်ကန်ဖြောင့်မတ်တဲ့စိတ်ဓာတ်ရှိတဲ့ လူတစ်ယောက်နဲ့ အတူပြုံးဖို့၊ နေထိုင်ဖို့၊ သာယာပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့ စတဲ့အခွင့်အရေးတွေအတွက်ပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အချိန်ဟာ ဒဏ်ရာအားလုံးကို ကုစားပေးနိုင်တယ်ဆိုတာ နင်နဲ့ ပတ်သက်တဲ့ နာကြည်းစရာတွေကို စဉ်းစားမနေဘဲ ခက်ခဲကြမ်းတမ်းတဲ့အမှန်တရားကို ရင်ဆိုင်လိုက်နိုင်ကတည်းက သိတယ်။ ငါ နောက်ထပ် အသည်းကွဲနေ၊ နာကျင်နေတော့မှာလည်း မဟုတ်ပါဘူး။ နင်မရှိတော့ပေမယ့် ဆက်ပြီးတော့ ပျော်ရွှင်ချင်တယ်။ ရှင်သန်နေထိုင်ချင်တယ်။ ပြီးတော့ ဆက်ပြီးတော့လည်း ပြုံးနေချင်သေးတယ်။ ဒီဘဝကြီးကို မြတ်နိုးတယ်။ ဘဝဆိုတာဟာ ဒီနေရာမှာ ထိုင်ပြီး ကိုယ်ရပြီးတဲ့အရာတွေ၊ မရသေးတဲ့အရာတွေ ထိုင်စဉ်းစားနေတယ်ဆိုတာထက် အများကြီးပိုပါတယ်။ အချိန်ဆိုတာ အရာအားလုံးကို ကုစားပေးနိုင်ပါတယ်။ နောက်ထပ်တစ်ရက်အတွက် ကျေးဇူးတင်နိုင်လေလေ အမှန်တရားအကြောင်းကို ပိုမိုသဘောပေါက်လာလေလေပါပဲ။

စာချစ်သူတို့ဘဝမှာကော အချိန်က ကုစားပေးခဲ့ရတဲ့ ဒဏ်ရာလေးတွေ ရှိလား…