အခွင့်အလမ်းဆိုတာ ရဲရင့်သူတွေသာပိုင်ဆိုင်ရတဲ့အရာ

blank

သင်လက်ရှိလုပ်နေတာလေး ခဏလောက်ရပ်ပြီး တွေးကြည့်ပါ။

  • အသစ်အဆန်းတစ်ခုခုကို သင်နောက်ဆုံးကြိုးစားခဲ့တာ ဘယ်အချိန်ကလဲ။
  • သင့်ကို ပျင်းရိနေစေတဲ့ သက်တောင့်သက်သာအခြေအနေထဲကနေ ရုန်းထွက်ဖို့ နောက်ဆုံး ကြိုးစားခဲ့တာကကော ဘယ်တုန်းကလဲ။

တကယ်တော့ ကျင်လည်နေကျ ပုံမှန်အခြေအနေထဲကနေ ရုန်းထွက်ပြီး အသစ်အဆန်း တစ် ခုခုကို ကြိုးစားရတာက လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • အဲ့ဒီလမ်းမှာ သင်အမှားအယွင်းနဲ့လည်း ကြုံတွေ့နိုင်မယ်။
  • ကျဆုံးသွားတာလည်း ဖြစ်နိုင်တယ်။
  • ရှေ့မှာ ကျောက်တုံးတွေနဲ့ပိတ်ဆို့နေတာလည်း ဖြစ်နိုင်တယ်။

ဒါကြောင့်… သင့်အနေနဲ့ ရဲရင့်ဖို့ လိုပါတယ်။ ဆုပ်ကိုင်မိတဲ့ အခွင့်အလမ်းကို သေချာအသုံးချ ပါ။ အခွင့်အလမ်းတွေကိုတော့ သင်ဆုံတွေ့မှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ အခွင့်အလမ်း ဆိုတာ ရဲရင့်ပြီး ကြိုးစားနေသူတွေသာ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ဆုံခွင့်ရတဲ့အရာမို့ပါ။

သင်ကော ဘာလေးတွေ ကြိုးစားဖြစ်နေလဲ။