မိုးတွင်းမှာခရီးထွက်ခြင်းရဲ့ ကောင်းကျိုးများ

blank
၁။ လူထူထပ်တာကို ရှောင်ရှားနိုင်မယ်။

ရှုခင်းလေးက ရင်သပ်ရှုမောဖြစ်ရလောက်အောင်ကို လှပနေပေမယ့် လူတွေပြွတ်သိပ်နေတာကြောင့် ရှုခင်းကိုလည်း ကောင်းကောင်းမမြင်ရ၊ ဓာတ်ပုံလှလှလေးတွေလည်း မရိုက်လိုက်ရလို့ စိတ်ပျက်ရတာတွေ ကြုံဖူးမှာပါ။ မိုးတွင်းမှာဆိုရင်တော့ လူများနေမှာမဟုတ်တာကြောင့် သဘာဝအလှအပတွေကို တဝကြီးခံစားနိုင်မှာပါ။

၂။ ငွေစုနိုင်မယ်။

မိုးရာသီမှာဆိုရင် ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းအများစုတွေရယ်ဟာ Discount တွေအများကြီးချပေးတတ်ကြတဲ့အတွက် ငွေချွေတာနိုင်မှာ အမှန်ပါပဲနော်။

၃။ ရှုခင်းတွေဟာ စိမ်းစိုလှပနေမယ်။

မိုးရာသီဟာ အလှပဆုံး ရှုမြင်ကွင်းတွေကိုပါ ယူဆောင်လာပေးနိုင်ပါတယ်။ သစ်ပင်တွေဟာ ပိုမိုစိမ်းလန်းလာမယ်။ ပန်းတွေဟာလည်း ဖူးပွင့်လာမယ်။ ရေတံခွန်တွေ၊ ရေကန်တွေဟာလည်း အရင်ကထက် ပိုမိုအားပြင်းစွာနဲ့ စီးဆင်းနေမယ်၊ ပိုမိုပြည့်လျှံနေမယ်။ ရင်သပ်ရှုမောဖြစ်သွားစေမယ့် မြင်ကွင်းမျိုးကို တွေ့ချင်တာဆိုရင်တော့ မိုးရာသီဟာ ခရီးထွက်ဖို့ အသင့်တော်ဆုံးကာလပါပဲ။

၎။ အဆင့်မြင့်မြင့်တည်းခိုနေထိုင်ရမယ်။

မိုးတွင်းမှာဆိုရင် နိုင်ငံရပ်ခြားခရီးသည်တွေအဝင်နည်းပါးတဲ့အတွက်ကြောင့် လူပိုဝင်စေဖို့အတွက် ဟိုတယ်တွေက ဝန်ဆောင်မှုတွေ တိုးမြှင့်ပေးတတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ဓာတ်ပုံရိုက်တဲ့အခါ အလင်းကောင်းကောင်းရမယ်။

နေပူမှသာ အလင်းကောင်းကောင်းရပြီး ဓာတ်ပုံလှနိုင်မယ်လို့ထင်တယ်မလား။ တကယ်တော့ အလင်းစူးစူးက အရိပ်တွေကျရောက်စေတဲ့အတွက်ကြောင့် ရှုခင်းတွေကို မပေါ်လွင်စေတော့ပါဘူး။ မိုးအုံ့တိမ်ထူနေတဲ့အချိန်မှာ ဓာတ်ပုံရိုက်ခြင်းက အသားအရောင်ကိုဝင်းပစေနိုင်ပြီး ဓာတ်ပုံထဲက ရှုခင်းတွေအားလုံးကိုလည်း ပိုမိုပေါ်လွင်စေနိုင်မှာပါ။

၇။ ကိုယ်အားတဲ့ရက် သွားနိုင်မယ်။

ခရီးထွက်ဖို့ကို ကြိုတင်မပြင်ဆင်ထားမိတဲ့အခါမှာ ခရီးသွားဖို့လက်မှတ်တွေ၊ တည်းခိုဖို့နေရာတွေရှာရခက်တတ်ပါတယ်။ ကျန်တဲ့ရာသီတွေမှာဆိုရင် တည်းခိုစရာ၊ လေယာဉ်နဲ့ တခြားအရာတွေအားလုံးဟာ နှစ်ပတ် သုံးပတ်လောက် ကြိုတင်ဘွတ်ကင်ချိတ်ထားရပေမယ့် မိုးရာသီမှာဆိုရင်တော့ တစ်ရက်နှစ်ရက်လောက်ကြိုတင်ပြီး ဘွတ်ကင်ချိတ်ရင်တောင်ရပါတယ်။

၈။ ဒေသခံတွေဟာ သင့်ကို ကျေးဇူးတင်လိမ့်မယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ နိုင်ငံခြားဝင်ငွေကို ပိုလိုအပ်ကြပါတယ်။ ခရီးသွားဒေသအတွင်းမှာ လူတိုင်းအလုပ်အကိုင်ရရှိဖို့၊ ဝင်ငွေကောင်းနိုင်ဖို့ဆိုတာ နိုင်ငံခြားဝင်ငွေရရှိဖို့လိုအပ်ပါတယ်။ မိုးတွင်းမှာဆိုရင် ခရီးသည်နည်းပါးပြီး ဝင်ငွေနည်းပါးနေတတ်ကြတာမို့ မိုးတွင်းမှာ ခရီးထွက်ခြင်းအားဖြင့် ဒေသခံတွေက သင့်ကို ကျေးဇူးတင်ကြပါလိမ့်မယ်။

မိုးတွင်းမှာ ခရီးထွက်ရခြင်းရဲ့ အခြားသောကောင်းကျိုးလေးတွေရှိရင်လည်း comment box မှာမျှဝေပေးခဲ့ပါဦးနော်။