ရဖို့ခက်တဲ့အရာတွေကို လူတွေက ပိုစိတ်ဝင်စားကြတယ်။

blank

လူတွေဟာ ကိုယ်ပိုင်ဆိုင်ပြီးသားအရာထက် မပိုင်ဆိုင်ဖူးသေးတဲ့အရာတွေက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်ကြတဲ့ လောကသဘာဝကြောင့် ကိုယ့်မှာမရှိတဲ့အရာကို ပိုလိုချင်ကြတယ်တဲ့။

ကိုယ့်ကိုမကြိုက်တဲ့သူကို ကြိုက်ချင်တယ်။ လွယ်လွယ်နဲ့အကဲခတ်လို့ မရ တဲ့ လူတွေရဲ့ခံစားချက်ကို ပိုပြီး စိတ်ဝင်စားကြတယ်။

တစ်စုံတစ်ယောက်ရဲ့စာပြန်အလာကို စောင့်ရင်း၊ တစ်စုံတစ်ယောက်ရဲ့ဖုန်းအခေါ်ကို စောင့်ရင်း မျှော်လင့်ဖူးတယ်ဆိုရင်တော့ အဲ့ဒီခံစားချက်ကို သိမှာသေချာပါတယ်။ သို့လော… သို့လော အတွေးပေါင်းစုံနဲ့ ကိုယ့်စိတ်ကို လာလာပြီး တံခါးခေါက်တဲ့ ခံစားချက်က လူတစ်ယောက်ကို ပိုအရူးအမူးဖြစ်စေပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အမျိုးသားတွေအနေနဲ့ နွေးထွေးပျူငှာပြီး ဖော်ရွေတဲ့ အမျိုးသမီးတွေထက် နားလည်ရ ခက်ပြီး လိုက်ဖို့မလွယ်ကူတဲ့ အမျိုးသမီးတွေကို ပိုပြီး စိတ်ဝင်စားကြပါတယ်။ လေ့လာတွေ့ရှိမှုအရ အမျိုးသမီးတွေဆိုရင်လည်း သူတို့ရဲ့ ဖေ့စ်ဘုတ်ပို့စ်တွေကို Like အမြဲပေးပြီး comment အမြဲဝင်ရေး နေတဲ့အမျိုးသားတွေထက် like မပေးတဲ့အမျိုးသားတွေအပေါ် ပိုစိတ်ဝင်စားလေ့ရှိကြတယ်လို့ ဆိုပါတယ်။

သင်စာပို့လိုက်တိုင်း ချက်ချင်းမပြန်တတ်တဲ့တစ်စုံတစ်ယောက်ရှိနေတယ်ဆိုရင် သင့်ကို တကယ်ပဲစိတ်မဝင်စားတာလား။ သင့်ဆီက စိတ်ဝင်စားမှုကို ရချင်လို့ အပေါ်ကနည်းလမ်းကို သုံးနေတာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် Like & Share လေးပေးသွားပါဦးနော်။