ဆင်စီးမယ်ဆိုရင် ဒါလေးအရင်ဖတ်ကြည့်ပါ။

Sunset Thai countryside in Thailand

ယနေ့ကမ္ဘာကြီးမှာ ဆင်ကလေးတွေအပါအဝင် ဆင်ပေါင်း ၃ဝဝဝ ကျော်ဟာ အာရှတစ်ခွင်က ပန်းခြံ တွေ၊ ထိန်းသိမ်းရေးစခန်းတွေမှာ ကမ္ဘာလှည့်ခရီးသွားဆွေကို ဆွဲဆောင်ဖို့ သုံ့ပန်းတွေလို ဖမ်းဆီးခံထားကြရ ပါတယ်။ လေ့လာတွေ့ရှိချက်အရ အဲ့ဒီပမာဏကလည်း ပိုမိုမြင့်မားလာနေပါတယ်။ ဆင်တွေဟာ ငယ်စဉ်က တည်းက ရိုက်နှက်ပုံသွင်းခံရပြီး သူတို့ကျောပေါ်မှာ လူတွေကို တင်စီးဖို့၊ ဖျော်ဖြေဖို့နဲ့ တစ်ခါတရံ ကြိုးတွေပေါ် လမ်းလျှောက်ခိုင်းတာ၊ စည်ပိုင်းငယ်လေးတွေပေါ် ခြေထောက်နှစ်ဖက်နဲ့ ဟန်ချက်ညီအောင် ရပ်ပြရတာ၊ ပန်းချီ ဆွဲခိုင်းတာ၊ ကခိုင်းတာမျိုးတွေအပါအဝင် နာကျင်စရာလှည့်ကွက်တွေ ပြသဖို့ ဖိအားပေးခံနေကြရရှာပါတယ်။ လူတွေအနေနဲ့ သူတို့ရဲ့ခရီးသွားဓာတ်ပုံလှလှတွေရဖို့ ဆင်တွေရဲ့ သနားစရာ ရုန်းကန်ရမှုတွေအကြောင်း သိ လာကြရင်တော့ သူတို့အမှတ်တရသိမ်းထားတဲ့ပုံလေးတွေကို ဆက်သိမ်းရက်ကြတော့မယ် မထင်ပါဘူး။

သင်ကလည်း တစ်နေ့မှာ ဆင်စီးဖို့ စိတ်ကူးနေတယ်ဆိုရင် အောက်ပါအချက်လေးတွေကို အရင်ဖတ် ကြည့်လိုက်ပါနော်။

၁။ ဆင်လေးတွေဟာ ငယ်စဉ်ကတည်းက တောထဲက မိသားစုနဲ့ မိခင်တွေဆီက ယူဆောင်လာခြင်းကို ခံရပါ တယ်။ ဈေးကွက်ကောင်းတဲ့သူတို့လေးတွေဟာ စည်းကမ်းမဲ့ဖမ်းဆီးခံရရုံတင်မကဘဲ တစ်ခါတရံ သူတို့ကို ကာကွယ်ဖို့ ကြိုးစားတဲ့ မိခင်တွေပါ အသတ်ခံကြရပါသေးတယ်။

၂။ လေ့ကျင့်ပေးတဲ့အခါမှာလည်း ဆင်ကလေးတွေကို ခြေထောက်မှာ တင်းကြပ်စွာ ချည်နှောင်ထားပြီး အမိန့် မနာခံရင် ချွန်းနဲ့အထိုးခံရပါတယ်။ နာကျင်မှုတွေကို မခံနိုင်တာကြောင့် ဆင်တွေဟာ လူတွေရဲ့ အမိန့်ကို နာခံ ကြရပါတယ်။

၃။ လေ့လာတွေ့ရှိသူတွေအဆိုအရ ဆင်တွေမှာလည်း ခွဲခွာရတာတွေ၊ နာကျင်မှုတွေကြောင့် စိတ်ဒဏ်ရာတွေ ရှိနေကြပါတယ်။

၎။ ဆင်တွေဟာ သူတို့သဘောသဘာဝအရ တောထဲက လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို အာဟာရ အဖြစ်စားကြပါတယ်။ လွတ်လွတ်လပ်လပ်ကစားတယ်။ မြစ်တွေချောင်းတွေထဲ ရေချိုးပါတယ်။ တစ်ရက်ကို မိုင်ပေါင်းများစွာ ခရီးသွားကြပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက်မှာ သူတို့ဟာ တစ်နေရာတည်းမှာပဲ ကျဉ်းကြပ်စွာ ရှင်သန်လှုပ်ရှားကြရပါတော့တယ်။ အပူပြင်းဆုံးနေ့တွေမှာလည်း လူတွေကို ကျောပေါ်တင်ပြီး ကျဉ်းမြောင်းတဲ့လမ်းတွေထဲလည်း လျှောက်ရတာပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ သူတို့အလုပ်မလုပ်တဲ့အခါ တိရစ္ဆာန်လေးတွေဟာ တဲလေးတွေထဲ ထိန်းသိမ်းခံထားရလေ့ရှိပါတယ်။ ကွန်က ရစ်ကြမ်းပြင်ပေါ်မှာထားပြီး သူတို့ခြေထောက်တွေကို ချည်နှောင်ထားတဲ့သံကြိုးတွေက တင်းကြပ်လွန်းတာ ကြောင့် သူတို့ခမျာ အနိုင်နိုင် ရွေ့လျားရရှာပါတယ်။

၅။ အလုပ် မလုပ်တဲ့အခါ တဲထဲက ကွန်ကရစ်ကြမ်းပြင်ပေါ် ခြေထောက်တွေကို ချည်နှောင်ထိန်းသိမ်းခံကြရပါ တယ်။ ချည်ထားတဲ့သံကြိုးတွေတင်းကြပ်လွန်းတာကြောင့် ဆင်လေးတွေခမျာ အနိုင်နိုင်ရွေ့လျားကြရပါတယ်။

၆။ ထိန်းသိမ်းခံထားရတဲ့ဆင်တွေဟာ အာဟာရပြည့်ဝတဲ့ အစားအစာတွေ၊ လုံလောက်တဲ့ရေ၊ လိုအပ်တဲ့ခြေ ထောက်နဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးကုသစောင့်ရှောက်မှုကို  မရရှိကြပါဘူး။

၇။ လှုပ်ရှားမှုအားနည်းတာ၊ မာကျောတဲ့မျက်နှာပြင်တွေပေါ် တချိန်လုံးရပ်နေရခြင်းတွေဟာ ဆင်တွေအတွက် ခြေထောက်ပြဿနာ၊ အဆစ်ရောဂါနဲ့ နောက်ကျောနာကျင်မှုတွေ ဖြစ်ပေါ်စေတဲ့ အဓိကအချက်တွေပါပဲ။ ဒါ ကြောင့် ထိန်းသိမ်းခံဆင်အများစုဟာ သူတို့သက်တမ်းထက် ဆယ်နှစ်စောပြီး သေဆုံးကြရပါတယ်။

          တကယ်တော့ တိရစ္ဆာန်တွေဆိုတာလည်း အသွေးနဲ့အသားနဲ့တည်ဆောက်ထားတာမို့ သူတို့မှာလည်း ခံစားတတ်တဲ့စိတ်တွေရှိပါတယ်။ ချစ်ခင်တွယ်တာရတဲ့ မိသားစုလေးတွေရှိကြပါတယ်။ သတ္တဝါတွေထဲမှာ အင် အားအကြီးဆုံးနဲ့ အသိဉာဏ်အရှိဆုံးဖြစ်တဲ့ လူတွေအနေနဲ့ တိရစ္ဆာန်တွေအပေါ် သနားညှာတာစိတ်တွေ ထားရှိ ကြရင်တော့ ပိုမို ငြိမ်းချမ်းတဲ့နေပျော်စရာကမ္ဘာကြီးဖြစ်လာမှာ မလွဲပါဘူး။

          စာစောင်လေးက သင့်ကို ခံစားမှုတစ်ခုခုပေးတယ်ဆိုရင် SHARE လိုက်ပါဦးနော်။