သင်က ကော်ဖီချစ်သူတစ်ယောက်ဆိုရင် ဒီစာစောင်လေးကို ဖတ်ကြည့်ပါ။

blank

လက်ထဲမှာ ကော်ဖီပူပူလေးတစ်ခွက်နဲ့ ငြိမ်းချမ်းနေတဲ့အခိုက်အတန့်လေးကို ကြုံဖူးကြလား။ မှန်ပါတယ်။ ကော်ဖီကြိုက်တတ်သူများအတွက်တော့ တကယ့်ကို ဘာနဲ့မှမလဲနိုင်တဲ့ စည်းစိမ်ပါပဲ။ ကော်ဖီတစ်ခွက်လေးမှ မသောက်ရရင် နေ့ရက်ကမပြည့်စုံသလို ခံစားရတဲ့ ကော်ဖီချစ်သူတွေလည်း အများကြီးပါပဲ။

ယနေ့မှာတော့ ဟားဗတ်တက္ကသိုလ်က သုတေသနပညာရှင်တွေက အမျိုးသမီးတွေ ကော်ဖီ သောက်ခြင်းနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်အသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ အဲ့ဒီတွေ့ရှိ ချက်အရ တစ်ရက်ကို ကော်ဖီ ၂ ခွက်ကနေ ၃ ခွက်အထိ သောက်တဲ့သူတွေဟာ ၁ဝ နှစ်အတွင်း စိတ် ကျရောဂါဖြစ်ပွားမှုနှုန်း ၁၅ % အထိ လျော့နည်းပါတယ်။ ထူးဆန်းတာက တစ်ပတ်မှတစ်ခွက်လောက် ပဲ ကော်ဖီသောက်တဲ့အမျိုးသမီးတွေကတော့ စိတ်ကျရောဂါမြန်မြန် တိုးလာနိုင်ပါတယ်။ တစ်ရက်ကို ကော်ဖီ ၂ ခွက်မှ ၃ ခွက်အထိသောက်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုကို လွယ်လွယ်ကူကူ ကျော် လွှားနိုင်ပြီး နာတာရှည်စိတ်ကျရောဂါဖြစ်ပွားမှုက ကင်းဝေးနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို လွယ်ကူစွာစီမံနိုင်ကြတဲ့အတွက် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အထက်ပါလေ့လာတွေ့ရှိချက်အရတော့ ကော်ဖီက အမျိုးသမီးတွေအတွက် ဘေးဥပဒ်မဖြစ် စေတာမှန်ပါတယ်။ ဒါပေမဲ့ ဓာတုဆေးဝါးကင်းစင်တဲ့ ကော်ဖီစစ်စစ်ဖြစ်ဖို့လိုသလို ရှိသင့်တဲ့အတိုင်း အတာထက် အလွန်အကျွံသောက်သုံးတာမျိုး မပြုလုပ်ဖို့တော့ ပညာရှင်တွေက သတိပေးထားပါ တယ်။

ကဲ… ကော်ဖီကြိုက်တဲ့သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦး။