သင့်အရေပြားနဲ့ သင့်တန်ဖိုးကို သတ်မှတ်မပေးနိုင်ပါဘူး

blank

လူတွေရဲ့ မှတ်ချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ခက်ခဲနေလား ဂန္ထဝင်ပျိုမေတို့ရေ….

တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းဆိုတာ လွယ်သလိုနဲ့ ခက်ခဲတဲ့ ကိစ္စကြီးပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့၊ အရှိအတိုင်းလက်ခံနိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တတ်ဖို့ဆိုတာ အချိန်ယူပြီးလေ့ကျင့်ရတဲ့အရာတစ်ခုပါ။ ကျွန်မတို့ဘေးနားမှာရှိနေတဲ့ ရုပ်ရှင်၊ ဗွီဒီယိုတွေနဲ့ မီဒီယာတွေကလည်း ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တစ်ခုရဲ့ သတ်မှတ်ချက်တွေကို ဖော်ပြပြီး ကျွန်မတို့ကို အားမလိုအားမရစိတ်တွေ အမြဲမွေးဖွားပေးနေတာမဟုတ်လား။

“ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ် ” ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြနေတဲ့ဆောင်းပါးတွေကို မကြာခဏတွေ့နေရတယ်။ အဲ့ဒီဆောင်းပါးတွေ၊ ကြော်ငြာတွေက  ကျွန်မတို့ခန္ဓာကိုယ်တွေကို လက်မခံချင်အောင် မသိသာတဲ့နည်းနဲ့ လှုံ့ဆော်နေကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီလှုံ့ဆော်မှုကြောင့်ပဲ သဘာဝအတိုင်းပဲလှပါတယ်လို့ ကလေးတွေကို သင်ပေးတတ်ကြပေမယ့် ကိုယ်တိုင်ကတော့ ပြီးပြည့်စုံတဲ့အလှတရားရဖို့ ပြင်ကြဆင်ကြပြန်ရော။ “ ဒီထက်ပိန်ဖို့နည်းနည်းလေးဝိတ်ချရဦးမယ်” ဆိုတဲ့စကားကနေစပြီး ကိုယ့်ကိုယ်ကိုယ်အလိုမကျတာတွေ စတော့တာပါပဲ။

ဘီကီနီဝတ်တဲ့အခါ လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ဂရုစိုက်နေတာထက် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့ စိတ်လေးကိုလည်း မွေးမြူထားပါ။ အရာရာအားလုံးရဲ့ အဆုံးသတ်မှာ သင်နဲ့အတူရှိနေတာက အရေပြားတစ်ထောက်စာ အလှတရားတွေမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့စိတ်၊ အကောင်းမြင်တတ်တဲ့ စိတ်တွေပဲဆိုတာ မှတ်ထားပါ။

အလှတရားတွေဆိုတာက အရေပြားပေါ်မှာမူတည်တဲ့အရာမှ မဟုတ်တာနော်။

သင့်ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိစေမယ့် ဒီစာစောင်လေးကို မျှဝေပေးလိုက်တော့နော်။