မအိပ်ဘဲနေလိုက်ရုံနဲ့ စိတ်ညစ်စရာတွေက ပြေလည်သွားမှာလား။ သင့်ကိုယ်သင်ချစ်ပါ။

အိပ်မပျော်ဘူးလား။

“လောကကြီးက တရားမမျှတတာတွေ များလိုက်တာ” လို့ တွေးနေမိလား။ ကူညီနိုင်မယ့်သူတွေလည်း မရှိပါလားဆိုပြီး ဝမ်းနည်းအားငယ်နေမိလား။ အိပ်မပျော်လို့ အွန်လိုင်းပေါ် တက်ကြည့်တယ်။ လိုင်းပေါ်မှာတော့ လူတိုင်းဟာ ပျော်နေကြတယ်။ အဝတ်အစားကောင်းတွေ ဝတ်ကြတယ်။ ခရီးတွေ ခဏခဏထွက်ကြတယ်။ အ စားအသောက်ကောင်းကောင်းစားနေတဲ့ပုံတွေ အပြိုင်အဆိုင်တင်နေကြတယ်။ အဲ့ဒီတော့ လောကကြီးမှာ အ ဆင်မပြေတာ ကိုယ်တစ်ယောက်တည်းလားလို့ တွေးမိပြန်မယ်။ အားငယ်လာတယ်။

စိတ်ဓာတ်ကျခြင်းဆိုတာ အဲ့ဒီကနေ စတာပါပဲ။ မပျော်တော့ဘူးဆိုတဲ့ခံစားချက်ကလည်း အဲ့ဒီကနေ စ ဝင်လာတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျခြင်းဆိုတဲ့ ခံစားချက်ဟာ အဲ့ဒီအချိန်ကနေ စဖြစ်တည်လာ တော့တာပါပဲ။

ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျတဲ့လူတစ်ယောက်၊ ကိုယ့်ကိုယ်ကိုယ်မချစ်တော့တဲ့ လူတစ်ယောက်ရဲ့ စိတ်ထဲကို ပျော်စရာထက် စိတ်ညစ်စရာတွေ၊ အဆင်ပြေတာထက် အဆင်မပြေတာတွေ ဝင်ရောက်လာဖို့ ပိုများ ပါတယ်။ စိတ်ညစ်စရာတွေများလာရင် အိပ်ပျော်ဖို့လည်း ခက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

စဉ်းစားကြည့်ပါ။ လူအများစုဟာ ကိုယ်အဆင်ပြေနေတဲ့ပုံ၊ ပျော်ရွှင်နေတဲ့ပုံတွေကိုပဲ အွန်လိုင်းပေါ်တင် ကြတာပါ။ အမြဲတမ်းအဆင်ပြေနေကြတာမဟုတ်ပါဘူး။ သင့်ကို မကူညီဘူးလို့ မြင်နေတဲ့သူတွေဆိုရင်လည်းသူ တို့ဘဝမှာ သင်မသိနိုင်တဲ့အခက်အခဲတွေနဲ့ ကိုယ်စီရုန်းကန်နေကြတာပါ။ သင့်ကို ပြန်အကူအညီ မတောင်းတာ ကိုပဲ ကျေးဇူးတင်လိုက်ပါ။ လူတိုင်းမှာ အဆင်မပြေမှုတွေရှိတယ်။ အားနည်းချက်တွေရှိတယ်ဆိုတာသိရင် ကိုယ့် ကိုယ်ကိုယ် စိတ်တိုင်းမကျတာ၊ အားငယ်တာ၊ စိတ်ဓာတ်ကျတာတွေလည်း နည်းသွားမှာပါ။

ယုံပါ။ သင့်ကိုယ်သင် မသိပေမဲ့ သင်ကလည်း တခြားသူတွေအားကျရတဲ့အချက်တွေ ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ သင့်ဘဝကလည်း တခြားသူတွေအမြင်မှာ ပျော်ရွှင်ရတဲ့ဘဝပါ။ သင့်ကိုယ်သင် ချစ်ပါ။ သင် ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေအတွက် ဂုဏ်ယူပါ။ သင့်စွမ်းဆောင်ရည်တွေအပေါ် ယုံကြည်မှုရှိပါ။ သင် မ တတ်နိုင်တဲ့ကိစ္စတွေအတွက် အိပ်ရေးပျက်လောက်အောင် စိတ်ပူပန်နေတာတွေလျှော့ပါ။ သင်လုပ်နိုင်တဲ့အရာ တွေအပေါ်မှာ ပိုအာရုံစိုက်ပါ။ အိပ်ပျော်အောင် အိပ်လိုက်ပါ။

သင်အားကျနေတဲ့၊ သင်လိုချင်တဲ့ ပျော်ရွှင်စရာဘဝဆိုတာ သင့်ကိုယ်သင်ချစ်တတ်ခြင်းကနေ စတင် တယ်ဆိုတာကို နားလည်လိုက်ပါ။

သင်ကော သင့်ကိုယ်သင် ချစ်တတ်ပြီလား။