ကလေးတွေမှာလည်း ခံစားချက်ရှိပါတယ်။ သူတို့အပေါ် body shaming လုပ်နေတာတွေ ရပ်လိုက်ပါ။

blank

ကျွန်မနာမည် မေရီပါ။ နိုင်ဂျီးရီးယားနိုင်ငံသူတစ်ယောက်ပါ။ ကျွန်မရဲ့နှုတ်ခမ်းဟာ ထူလွန်းတာကြောင့် ငယ်ငယ်လေးကတည်းက ကျွန်မဝန်းကျင်မှာရှိတဲ့လူတွေရဲ့ body shaming လုပ်တာကို ခံစားခဲ့ရပါတယ်။ ကျွန် မရဲ့ထူလွန်းတဲ့နှုတ်ခမ်းဟာ ကျွန်မမိသားစု၊ ဆွေမျိုးတွေနဲ့ ရွယ်တူတွေကြားမှာ တကယ့်ကို ရယ်မောစရာဟာသ တစ်ခုပါပဲ။ သူတို့တွေက ကျွန်မကို နာမည်ပြောင်တွေလည်း ပေးထားကြတယ်။ အဲ့ဒီနာမည်တွေခေါ်ပြီးတော့ လည်း အမြဲကျီစယ်လှောင်ပြောင်ကြတယ်။ သူတို့တွေဆီက ကျွန်မအမြဲတမ်းကြားလာရတဲ့ စကားတစ်ခွန်းက တော့ “မေရီဟာ ချစ်စရာကောင်းချင်ပေမဲ့ နှုတ်ခမ်းကြီးမလှတော့ ရုပ်ဆိုးမလေးဖြစ်သွားတယ်” တဲ့။

ကျွန်မရဲ့နာမည်ပြောင်ကို တစ်ယောက်ယောက်က ခေါ်လိုက်တဲ့အချိန်တိုင်း ကျွန်မကိုယ်ကျွန်မ သတ် သေချင်လောက်အောင် ခံစားခဲ့ရတယ်။ ကျွန်မကိုယ်ကျွန်မလည်း တန်ဖိုးထားလေးစားစိတ်မရှိတော့ဘူး။ ကျွန်မ နှုတ်ခမ်းတွေကို ကျွန်မသိပ်မုန်းတယ်။ အဲ့ဒီနှုတ်ခမ်းတွေကြောင့် ကျွန်မအမြဲရှက်ရွံ့ခဲ့ရတယ်။

အဲ့ဒီခံစားချက်တွေကြောင့် အသက် ၈ နှစ်အရွယ်မှာပဲ အလှအပဆိုင်ရာ ခွဲစိတ်မှုတွေအကြောင်း ကျွန်မ ဖတ်နေခဲ့ပြီ။ ကျွန်မကို ထိန်းပေးတဲ့ သူနာပြုဆရာမကိုတောင် ကျွန်မအရွယ်ရောက်ပြီး ငွေရှာနိုင်တာနဲ့ အဲ့ဒီခွဲ စိတ်မှုတွေလုပ်မယ့်အကြောင်း ပြောပြဖြစ်ခဲ့တယ်။ ခွဲစိတ်တဲ့အခါ ဘယ်လိုလျှော့ဈေးတွေရှိလဲဆိုတာတွေပါ ဂျာ နယ်တွေထဲကနေ ရှာဖတ်ခဲ့တယ်။ ကျွန်မရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ရွယ်တူသူငယ်ချင်းတွေကတော့ ကျွန်မ ခေါင်းသေးသေးလေးထဲမှာရှိနေတဲ့ အဲ့ဒီစိတ်ကူးတွေကို မသိခဲ့ကြပါဘူး။ ကျွန်မလေ ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ လူတွေလို နှုတ်ခမ်းသေးသေးလေး ဖြစ်ချင်တယ်။ “ရုပ်ဆိုးမ” လို့ အခေါ်ခံရတာ သိပ်ကို ပင်ပန်းနေခဲ့ပါပြီ။ ရလဒ် အနေနဲ့ ကျွန်မဟာ ကလေးတန်မဲ့ ကြီးမားတဲ့ စိတ်ကျရောဂါကိုလည်း ခံစားခဲ့ရတယ်။ လူတွေကတော့ သူတို့ရဲ့ တုံ့ပြန်မှုတွေက ကလေးတစ်ယောက်အပေါ် အဲ့ဒီလောက်အထိ ဖြစ်သွားစေလိမ့်မယ်လို့ သိချင်မှသိကြမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကျွန်မ ကျောင်းပြီးလို့ အလုပ်စဝင်တဲ့အရွယ်ရောက်ချိန်မှာတော့ ကျွန်မဟာ ဝန်းကျင်အသစ်၊ သူငယ် ချင်းအသစ်တွေနဲ့ တွေ့ဆုံခွင့်ရရှိခဲ့တယ်။ သူတို့တွေဟာ ကျွန်မကို ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ စိတ် ရှိလာအောင် ပြုလုပ်ပေးခဲ့ကြတယ်။ အလုပ်နဲ့ပတ်သက်ပြီး တွေ့ဆုံပွဲတွေကိုလည်း တက်ရောက်ခွင့်ရရှိခဲ့တယ်။ အဲ့ဒီမှာဆုံရတဲ့ ပညာတတ်လူကြီးလူကောင်းတွေက ကျွန်မကို နှိမ့်နှိမ့်ချချမဆက်ဆံကြဘူး။ အလေးထားကြ တယ်။ ကျွန်မရဲ့အရည်အချင်းကို အသိအမှတ်ပြုပေးကြတယ်။ ကျွန်မမှာ ထူးခြားလှပတဲ့ နှုတ်ခမ်းလေးတစ်စုံ ပိုင်ဆိုင်ထားတယ်လို့ ချီးကျူးကြတယ်။ မှန်ကြည့်တိုင်း အမြဲအားငယ်ခဲ့ရတဲ့ ကျွန်မဟာ အဲ့ဒီအချိန်ကစပြီး ကျွန်မ ရဲ့နှုတ်ခမ်းလေးကို လှပတယ်လို့ မြင်လာတယ်။ တန်ဖိုးထားတတ်လာခဲ့တယ်။

လူကိုလူလို တန်ဖိုးထားတတ်တဲ့၊ လူအချင်းချင်း လေးစားမှုနဲ့ဆက်ဆံတတ်တဲ့ ပတ်ဝန်းကျင်ကြောင့် ကျွန်မရဲ့ဘဝဟာ ပြန်ပျော်ရွှင်လာခဲ့တယ်။ ပြောင်းလဲလာခဲ့တယ်။

ဒီနေ့မှာတော့ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူတစ်ယောက် ဖြစ်နေပါပြီ။

ဒီအသက်ဒီအရွယ်မှာ တခြားသူတွေကို ပြန်ကြည့်မိတော့ လူအတော်များများဟာ ငယ်ရွယ်စဉ်၊ ဒါမှမ ဟုတ် အရွယ်ရောက်လာချိန်မှာ အနီးဝန်းကျင်မှာရှိတဲ့လူတွေရဲ့ body shaming လုပ်တာကို ခံခဲ့ရဖူးသူတွေ များတာတွေ့ရပါတယ်။ ပတ်ဝန်းကျင်အတွက် ဒါဟာ အမှတ်တမဲ့အပြုအမူ၊ အပြောအဆိုဖြစ်နိုင်ပေမဲ့ ကလေး တစ်ယောက်အတွက်တော့ တစ်သက်လုံး စိတ်ဒဏ်ရာကြီးကြီးမားမား ရသွားစေနိုင်ပါတယ်။

ဒါကြောင့်… မိတ်ဆွေတို့ရေ လှပတဲ့ကမ္ဘာကြီးကိုတည်ဆောက်မယ်ဆိုရင်၊ ကလေးတွေအတွက် လှပ တဲ့ အနာဂတ်တွေပေးချင်တယ်ဆိုရင် ကလေးတွေကို ဘယ်တော့မှ body shaming မလုပ်ပါနဲ့။ ရုပ်ဆိုးတဲ့ က လေးလို့ မခေါ်ပါနဲ့။ သူတို့ရဲ့အားနည်းချက်တွေကို အမှတ်တမဲ့ပဲဖြစ်ဖြစ် ဘယ်တော့မှ မကျီစားလိုက်ပါနဲ့နော်။

ဒီစာစောင်လေးနဲ့ပတ်သက်ပြီး သင့်မှာခံစားချက်တစ်ခုခုရလိုက်တယ်ဆိုရင် မျှဝေခဲ့ပါဦးနော်။