သင့်မှာ အပြစ်မရှိပါဘူး။ သင့်ကိုယ်သင် ချစ်ဖို့ပဲ လိုပါတယ်။

blank

မလှပတာဟာ သင့်အပြစ်မဟုတ်ပါဘူး။ ပြီးပြည့်စုံအောင် လှပတဲ့သူဆိုတာ လောကကြီးမှာ မရှိပါဘူး။
မချမ်းသာတာဟာ သင့်အပြစ်မဟုတ်ပါဘူး။ လူတိုင်းပြည့်စုံချမ်းသာနေကြတာ မဟုတ်ပါဘူး။
သင်မကြိုက်တဲ့ခန္ဓာကိုယ်အချိုးအစားရထားတာဟာ သင့်အပြစ်မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ ခန္ဓာကိုယ်၊ ရုပ် ရည်မျိုးရဖို့ လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။

ပြီးတော့ ပျော်ရွှင်နေတဲ့သူတိုင်းကလည်း ပြီးပြည့်စုံနေကြတဲ့သူတွေမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာပြီး ပြည့်စုံခြင်းနဲ့လည်း မသက်ဆိုင်ပါဘူး။ ကိုယ်ပိုင်ဆိုင်ခွင့်ရထားတဲ့ဘဝကို လက်ခံကျေနပ်ပြီး ဖြတ်သန်းကြတဲ့သူ တွေကသာ ဘဝမှာ ပျော်ရွှင်ကြတာပါ။ အဲ့ဒီလိုလက်ခံနိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ပဲလိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့လူတစ်ယောက်ဟာ ကိုယ့်ဘဝဖြစ်တည်မှုကိုလည်း လက်ခံကျေနပ်နိုင်ပါတယ်။ ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ ဖြစ်တည်နေတဲ့ဘဝကို လက်ခံပျော်ရွှင်နိုင်ခြင်းပါပဲ။

         သင်ကော သင့်ဘဝမှာ ပျော်ရဲ့လား။

သင့်ကိုယ်သင် ချစ်လား။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။