အသေးအဖွဲအရာလေးတွေအတွက် ရှင်သန်ပါလို့ အဖေက ကျွန်မကို ပြောခဲ့ဖူးပါတယ်။
မနက်မိုးသောက်ချိန်နဲ့ ညနေနေဝင်ချိန် အလှတရားအတွက် ရှင်သန်ပါ။ အဲ့ဒီအချိန်တွေမှာ ကောင်းကင်ဟာ သိပ်လှပလွန်းတာမို့ပါ။
စက်ဘီးစီးရင်း သီချင်းနားထောင်ဖို့အတွက် ရှင်သန်ပါ။ ဆံပင်တွေကို လေတဖြူးဖြူးတိုက်ခတ်နေတာကို ခံစားဖို့ပေါ့။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ကမ္ဘာကြီးဟာ အေးစက်ကြမ်းတမ်းတဲ့နေရာတစ်ခုမဟုတ်ပါဘူးလို့ သဘောပေါက်စေခဲ့တဲ့ ကိုယ်အချစ်ခင်ရဆုံးလူတွေအနားမှာ နေထိုင်ဖို့ ရှင်သန်ပါ။
အသေးအဖွဲအရာလေးတွေအတွက် ရှင်သန်ပါ။ ဘာလို့လဲဆိုတော့ ဒီအသေးအဖွဲလေးတွေကပဲ ဘဝအကြောင်းကို ပိုမိုသဘောပေါက်လာစေပြီးတော့ ရှင်သန်နေထိုင်ရမယ့်အကြောင်းတွေကို တွေ့ရှိစေတာမို့ပါပဲ။
စာချစ်သူတို့ကော ဘဝမှာ ဘယ်အရာတွေအတွက် ရှင်သန်နေထိုင်နေမိလဲ။