အနိုင်ကျင့်စော်ကားမှုတွေကို တုံ့ပြန်ကြရာဝယ်…။

blank

သင်ဟာ သင့်ရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားကြောင်း၊ အားနည်းချက်တွေကို အရှိအတိုင်းလက်ခံနိုင်ကြောင်းပြောပါ။ အဲ့ဒီလိုအနိုင်ကျင့်စော်ကားမှုတွေကြောင့် သင့်ရဲ့တန်ဖိုးတွေ နိမ့်ကျမသွားနိုင်ဘူးဆိုတာကို မှတ်ထားပါ။

သူတို့ရဲ့ အပြုအမူဟာ အကျိုးမဲ့ပြီး သူတစ်ပါးကို ထိခိုက်စေနိုင်တယ်ဆိုတာကို ပြတ်ပြတ်သားသား ပြောပါ။ နောက်တစ်ခါ သည်းမခံနိုင်ကြောင်း တစ်ပါတည်းပြောပြထားပါ။

အားကိုးချစ်ခင်ရတဲ့သူ၊ သင့်ကိုနားလည်ပေးနိုင်မယ့် သူတွေကို ရင်ဖွင့်ပါ။ အားပေးနှစ်သိမ့်မှုရယူပါ။

သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင်ဟာ သင်ချစ်ရတဲ့သူတွေအတွက် တန်ဖိုးရှိတဲ့သူတစ်ယောက်ဆိုတာ မှတ်ထားပါ။

လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရတယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းတွေသိအောင် တိုင်တန်းပါ။

သင့်ရဲ့အားနည်းချက်တွေကို ပျက်ရယ်ပြုလှောင်ပြောင်သူတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်အားငယ်တာမျိုး၊ အပြစ်ရှိသလို ခံစားရတာမျိုးတွေမလုပ်ပါနဲ့။ သင့်ကိုခြွင်းချက်မရှိချစ်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရှိနေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါနော်။

သင့်ရဲ့အားနည်းချက်ကြောင့် လှောင်ပြောင်နှိမ်ချခံရတာမျိုး ကြုံခဲ့ဖူးလား။ ဘယ်လိုတုံ့ပြန်ခဲ့လဲ။