လူလူချင်း နားလည်မှုတွေနဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးတစ်ခုတည်ဆောက်ကြရအောင်။

blank

လူအတော်များများဟာ နေ့စဉ်ဘဝမှာ နှုတ်အရဖြစ်စေ၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ အနိုင်ကျင့်မှုတွေကို ခံစားနေကြရပါတယ်တဲ့။ အနိုင်ကျင့်မှုတွေကို ဆက်လက်မခံစားနိုင်တော့တဲ့သူတချို့ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းကို ထွက်ပေါက်အဖြစ်ရွေးချယ်သွားတတ်တာကြောင့် လူငယ်တွေ အဆုံးစီရင်မှုနှုန်းဟာ မြင့်မားလာခဲ့ပါတယ်။

လူတချို့ဟာ ကိုယ်ကိုယ်တိုင်တောင် စိတ်တိုင်းမကျတဲ့ ခန္ဓာကိုယ်အချိုးအစားတွေ ပိုင်ဆိုင်ထားရသလို တချို့ဟာလည်း ကိုယ့်ရဲ့လိင်စိတ်ခံယူချက်နဲ့ မကိုက်ညီဘဲ မွေးဖွားလာခဲ့ကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်အချိုးအစားတွေ၊ လိင်စိတ်ခံယူချက်တွေဆိုတာ ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ထားရတဲ့အရာမဟုတ်ကြောင်း လူအများ သိရှိ၊ သဘောပေါက်လာပြီး သူတို့အပေါ်မှာ နားလည်မှုနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးနိုင်မယ်ဆိုရင် ဒီအကျည်းတန်၊ အရုပ်ဆိုးလွန်းတဲ့အနိုင်ကျင့်မှုတွေဟာ တဖြည်းဖြည်းလျော့ကျသွားမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။