လူသားတွေကို အဆိပ်ခတ်နေတဲ့ social media ရဲ့ ဘေးထွက်ဆိုးကျိုး

blank

ဆိုရှယ်မီဒီယာကြောင့်…..

မိုင်ပေါင်းများစွာအဝေးက အကြောင်းအရာအစုံကို တစ်စက္ကန့်အတွင်း သိနိုင်တယ်။

ဝေးနေကြတဲ့ ချစ်သူတွေအကြားများ အလွမ်းတွေကို ကုစားပေးနိုင်တယ်။

ဘဝအတွက် ခွန်အားတွေ၊ ဗဟုသုတတွေကို လွယ်လွယ်ကူကူပဲ ရှာဖွေနိုင်တယ်။

ဒါပေမဲ့ ဆိုရှယ်မီဒီယာဟာ အခြားလူတစ်ယောက်အတွက် အဆိပ်ခွက်တစ်ခွက်လည်း ဖြစ်သွားနိုင်တယ်။ အရင်က မသိနိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေကို သိနိုင်ဖို့ လွယ်ကူလာသလို၊ အရင်ကလူနည်းနည်းနဲ့ ပြီးသွားတဲ့ကိစ္စတွေဟာလည်းပဲ အားလုံးရှေ့မှောက်ရောက်လာကြတယ်။

SHARE တစ်ချက်၊ screenshot လေးတစ်ချပ်ဟာ အခြားလူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်ထိ သက်ရောက်မှုတွေရှိစေနိုင်လည်း ဆိုတာကို ကျွန်မတို့မသိနိုင်ဘူး။

လူတစ်ယောက်ဟာ အားနည်းချက်တစ်ခုခုကြောင့် လှောင်ပြောင်ခံရတယ်ဆိုကြပါစို့။ လူတစ်စုကြားထဲမှာပဲ အဲ့ဒီကိစ္စကပြီးသွားခဲ့တယ်ဆိုရင် သူ့ရဲ့အရှက်ရမှုဟာ အချိန်အတိုင်းအတာတစ်ခုမှာ အဆင်ပြေသွားနိုင်တယ်ဆိုပေမယ့်  အုပ်စုတစ်စုရဲ့ group chat ထဲမှာ ဖြစ်ခဲ့တယ်ဆိုရင်တော့ သူ့ရင်ထဲမှာ ဒဏ်ရာနက်နက်ထင်စေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်တစ်ချက်က social media ပေါ်မှာ အချိန်ပေးတာများလာတဲ့အခါ မိသားစုဝင်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်းအချိန်ပေးမှုတွေ လျော့နည်းလာကြတယ်။ ရင်ဖွင့်ဖို့၊ အားပေးမယ့်လူ၊ ဖေးမကူညီပေးမယ့်လူတွေနည်းလာကြတယ်။

စာချစ်သူတို့ရေ…။

Social Media ဆိုတာက ကျွန်မတို့အတွက် ဆက်သွယ်ရေးကောင်းမွန်စေဖို့ ကြားခံတစ်ခု၊ သတင်းအချက်တွေဝေမျှပေးမယ့် နေရာတစ်ခုပဲ ဖြစ်သင့်ပါတယ်နော်။ Social media ကို တစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ရှုံ့ချဖို့သုံးမယ်ဆိုရင်တော့ social media က အဆိပ်တစ်ခုပဲ ဖြစ်သွားတော့မှာပေါ့။

လူတိုင်း social media ကို အကျိုးရှိရှိ အသုံးချတတ်ကြပါစေ။