သင့်နှုတ်ထွက်စကားကြောင့် သူတစ်ပါးဘဝမထိခိုက်ပါစေနဲ့။

blank

          လောကကြီးမှာ အလွယ်ကူဆုံးနဲ့ အကုန်အကျမရှိဆုံးအလုပ်က သူတစ်ပါးကို ပြစ်တင်ဝေဖန်တာပါပဲ။ ဘာကုန်ကျစရိတ်မှမရှိတော့ တချို့လူတွေက သိပ်စဉ်းစားမနေဘဲ တစ်ဖက်သားကို လွယ်လွယ်ကူကူနဲ့ ပြောချင် သလို ပြောပစ်ကြပါတယ်။ ပြီးတော့ “ဘာရည်ရွယ်ချက်မှ မရှိဘဲ ပြောတာပါ” ဆိုတဲ့ ပေါ့ပေါ့တန်တန်စကားနဲ့ ကာကွယ်ပစ်လိုက်ကြပါတယ်။

             တစ်နည်းအားဖြင့် ဒါဟာ တစ်ဖက်သားကို အလေးမထားတာပါပဲ။ ဆင်းရဲရဲချမ်းသာသာ၊ ပိန်ပိန်ဝဝ၊ ဖြူ ဖြူမည်းမည်း၊ ကြီးကြီးငယ်ငယ်၊ ပညာတတ်၊ ပညာမဲ့၊ LGBT ပဲဖြစ်ဖြစ် အားလုံးဟာ လူသားတွေဖြစ်တဲ့အတွက် အားလုံးမှာ တခြားသူတွေလိုပဲ လူသားအချင်းချင်း လေးစားခံရထိုက်တဲ့ အခွင့်အရေးကိုယ်စီရှိကြပါတယ်။ ကိုယ်နဲ့မတူညီတိုင်း သူတစ်ပါးကို ပုတ်ခတ်တာ၊ ဖိနှိပ်စော်ကားတာ၊ လှောင်ပြောင်သရော်တာ၊ မလေးမစား ပြောဆိုဆက်ဆံတာ၊ ခွဲခြားဆက်ဆံတာတွေဟာ သူတစ်ပါးရဲ့ကိုယ်ပိုင်အခွင့်အရေးကို ထိပါးနှောင့်ယှက်တာ ပါပဲ။ သူတစ်ပါးကို စိတ်ဆင်းရဲနာကျင်အောင် ညှဉ်းပန်းနှိပ်စက်တာပါပဲ။ လောကမှာ အဆိုးဆုံးက စိတ်ဆင်း ရဲမှုပါ။ နိမ့်ကျသိမ်ငယ်စိတ်၊ နာကျင်စိတ်တွေကနေ စိတ်ဓာတ်ကျခြင်းအထိ ဦးတည်နိုင်ပါတယ်။ လူတစ်ယောက် အနေနဲ့ စိတ်ဆင်းရဲနာကျင်မှုတွေကြီးမားလာတဲ့အခါ ကိုယ့်အသက်ကိုယ်တောင်မနှမြောတော့ဘဲ သေကြောင်း ကြံစည်တဲ့အထိတောင် ဖြစ်သွားစေနိုင်ပါတယ်။ WHO အဖွဲ့ကြီးရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာမှာတစ်နှစ်ကို ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံစည်သူဦးရေ ၈ သိန်းခန့်ရှိပါတယ်။ ပျမ်းမျှအားဖြင့် စက္ကန့် ၄ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

            ဘဝဆိုတာ တိုတိုလေးပါ။ ကိုယ့်ဘဝကိုယ်တည်ဆောက်ပါ။ ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။ သူ တစ်ပါးကြောင့်လည်း ကိုယ့်ကိုယ်ပိုင်အခွင့်အရေးထိခိုက်မခံပါနဲ့။ ပြီးတော့ ကိုယ့်ကြောင့်လည်း သူတစ်ပါးရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို မထိခိုက်မဖျက်ဆီးမိပါစေနဲ့။ အထိနာစရာစကားလုံးတွေကြောင့် သူတစ်ပါးရဲ့ တန် ဖိုးရှိတဲ့အသက်၊ ဘဝတွေ ပျက်စီးဆုံးရှုံးသွားရတာမျိုးမဖြစ်အောင် သင့်နှုတ်ထွက်စကားတွေကို သတိပြုဆင်ခြင် လိုက်ပါနော်။

လူအချင်းချင်း အပြန်အလှန်လေးစားမှုနဲ့ ပိုမိုကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်လာစေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။