ချစ်ခင်ရသူတွေအပေါ် အန္တရာယ်ကျသင့်နေပြီဆိုတဲ့ ရှေ့ပြေးနိမိတ်

blank

သင်ချစ်ခင်ရတဲ့သူတစ်ယောက်ယောက်က စိတ်ဓာတ်ကျဝမ်းနည်းနေပြီဆိုရင် ဘယ်တော့မှတစ်ယောက်တည်း ပစ်မထားပါနဲ့။

သူ့ရဲ့စိတ်ညစ်နေတယ်ဆိုတဲ့ status ကို မြင်မြင်ချင်း၊ လောကကြီးထဲက ထွက်သွားချင်တယ်ဆိုတဲ့ status ကို သိသိချင်း သူတို့အနားကို အပြေးသွားပါ။

ရင်ဖွင့်တာတွေကို နားထောင်ပေးပါ။

အားပေးနှစ်သိမ့်ပေးပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူတို့ကို စိတ်ဓာတ်ခွန်အားတွေရအောင်၊ သူတို့ရဲ့ဘဝဟာ တန်ဖိုးရှိတယ်ဆိုတာကိုပြောပြပေးပါ။

လောကမှာ သူတို့တန်ဖိုးထားမြတ်နိုးတဲ့ သူတွေရှိနေသေးတယ်ဆိုတာကို ပြောပြပါ။

လူတိုင်းကတော့ အလုပ်တွေကိုယ်စီနဲ့ အချိန်ကုန်နေတတ်ကြတာပဲ။

အလုပ်များနေပြီး ချစ်ရသူတွေကို လျစ်လျူရှုလိုက်မိတဲ့ ခဏဟာ သင်ပြန်လိုချင်ပေမယ့်လည်း ပြန်မရနိုင်တော့တဲ့ နောင်တဖြစ်သွားတတ်ပါတယ်။