မိန်းကလေးတွေချည်းစုပြီး ဘာကြောင့်ခရီးထွက်သင့်တာလဲ။

blank

အခင်ရဆုံးသူငယ်ချင်းမိန်းကလေးတွေနဲ့ ခရီးထွက်ဖို့ အစီအစဉ်တွေ ချနေပြီလား။ ဒါဆိုရင်တော့ အမြန်ဆုံးသာ အကောင်အထည်ဖော်လိုက်ပါတော့နော်။ ဘာလို့လဲဆိုတော့ သိပ္ပံပညာဆိုင်ရာ လေ့လာတွေ့ရှိချက်တွေအရ သူငယ်ချင်းတွေနဲ့ ခရီးထွက်ခြင်းဟာ စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပြီး ပျော်ရွှင်မှုတွေကိုလည်း တာရှည်ခံစေပါတယ်ဆိုလို့ပါပဲ။ ကဲ…ပျိုမေတို့ရေ အခုပဲသူငယ်ချင်းတွေစုပြီးတော့ အထုပ်တွေထုပ်ပိုးပြီး ခရီးထွက်ဖို့ လုပ်လိုက်ကြရအောင်နော်။

သူငယ်ချင်းတွေနဲ့ အတူခရီးထွက်ခြင်းဟာ ကောင်းမွန်တယ်ဆိုတာတော့ သင်သိထားပြီးသားပါ။ ဒါပေမဲ့ ဘာလို့ကောင်းတာလဲဆိုတာ သေချာသိနိုင်ဖို့ သိပ္ပံပညာဆိုင်ရာ လေ့လာတွေ့ရှိချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ လေ့လာတွေ့ရှိချက်တွေအရ သူငယ်ချင်းတွေနဲ့ ခရီးထွက်ခြင်းအားဖြင့် စိတ်အေးချမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ စိတ်အေးချမ်းတဲ့အခါ အောက်စီတိုစင် (Oxytocin) ထုတ်လုပ်မှု မြင့်တက်လာပါတယ်။ အောက်စီတိုစင်ဆိုတာဟာ ပျော်ရွှင်တဲ့အခါ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားစေတဲ့ ဟော်မုန်းတစ်မျိုးပါ။

အကောင်းမြင်တတ်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေကြောင့် အောက်စီတိုစင် ထွက်ရှိလာပါတယ်။ အောက်စီတိုစင်ကြောင့် အချင်းချင်းယုံကြည်မှုပိုမိုတိုးပွားလာတယ်။ ပိုမိုရက်ရောလာတယ်။ ပြီးတော့ ခင်မင်မှုတွေကို တိုးပွားလာစေပါတယ်။

ဒါကြောင့် အခုချက်ချင်းပဲ သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ စီစဉ်လိုက်ပါတော့နော်။ ကိုယ်ယုံကြည်အားကိုးချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ကိုယ်နဲ့ ရင်ဘတ်ချင်းတူညီတဲ့သူတွေ၊ သူငယ်ချင်းဟောင်းတွေ နဲ့ ခရီးထွက်ဖို့ စီစဉ်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါမှသာ သိပ္ပံပညာကပြောထားသလို အေးချမ်းပြီးတော့ အကောင်းမြင်တဲ့ပေါင်းဖော်မှုတွေ ဖြစ်ပေါ်လာမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ချစ်သူက မိသားစုတွေကို ချန်ထားခဲ့ပြီးတော့ ဒီလိုဈေးကြီးတဲ့ခရီးတစ်ခုကို ဘာလို့ထွက်ချင်တာလဲလို့ မေးလာတဲ့အခါ ဒီလိုခရီးထွက်ခြင်းအားဖြင် သူ့အပေါ် ပိုမိုနားလည်ပေးနိုင်တဲ့ လက်တွဲဖော်တစ်ယောက်၊ မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာမယ်လို့ သိပ္ပံပညာက ပြောထားလို့ပါလို့သာ ပြန်ပြောလိုက်ပါတော့။

သင် ခရီးအတူတူထွက်ချင်မိတဲ့ သူငယ်ချင်းလေးတွေကို mention ခေါ်ခဲ့ပါဦးနော်။