ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း အနုပညာ

blank

ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ခြင်းဆိုတာ spa မှာ ဇိမ်ခံပြီး ပိုက်ဆံတွေ ကုန်စေမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပျိုးထောင်ခြင်းပါ။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရပ်တန့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဂရုစိုက်လိုက်တာပါ။

လူအများစုဟာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တတ်ကြတဲ့အတွက် ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါမှာ ယုံကြည်မှုတွေ ကင်းမဲ့လာကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဆိုတာဟာ အခုလိုကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သလိုခံစားရပြီး ယူကြုံးမရဖြစ်ရခြင်းတွေကို ကုစားပေးနိုင်မယ့် လမ်းကြောင်းပါပဲ။

စာချစ်သူတို့ကော ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မိရဲ့လားဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။