ပိုမိုကျေးဇူးတင်တတ်လာစေဖို့

blank

ကျေးဇူးတင်တတ်ခြင်းဟာ အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်မှုတွေကို ပိုမိုများပြားလာစေတယ်ဆိုတဲ့ အကြောင်းတွေ မကြာခဏကြားဖူးမှာပါ။ ဒါပေမဲ့ ကျေးဇူးတင်တတ်ခြင်းဟာ ဦးနှောက်အပေါ်မှာပါ အကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာကော သိပါသလား။

လေ့လာတွေ့ရှိချက်တွေအရ ကျေးဇူးတင်တတ်ခြင်းဟာ ဦးနှောက်ရဲ့ မော်လီကျူးပုံသဏ္ဍာန်တွေကို ပြောင်းလဲစေပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “Gray matter”  ကို ပိုမိုအလုပ်လုပ်စေနိုင်တဲ့အတွက် ကျွန်မတို့ကို ပိုမိုကျန်းမာပျော်ရွှင်စေပါတယ်တဲ့။ ဒါ့အပြင် ကျေးဇူးတင်တတ်ခြင်းဟာ ပိုမိုကောင်းမွန်စွာ အိပ်စက်လာနိုင်စေပြီးတော့ စိုးရိမ်ကြောင့်ကျမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပျော်ရွှင်တဲ့အခါမှာ ဒီပျော်ရွှင်မှုဟာ ဦးနှောက်ရဲ့ ပင်မအာရုံကြောစနစ်ကို ကူးစက်သွားပါတယ်။ ဒီအခါမှာ ပိုမိုအေးချမ်းလာမယ်။ စိတ်ဆတ်တာတွေ လျော့နည်းလာမယ်။ ပြီးတော့ တုံ့ပြန်လိုစိတ်တွေလည်း လျော့နည်းစေပါလိမ့်မယ်။ ကျေးဇူးတင်တတ်ခြင်းကတော့ ပျော်ရွှင်မှုတွေကို အကောင်းဆုံးလှုံ့ဆော်ပေးလိုက်နိုင်တဲ့ အရာပါပဲ။ ဒါကြောင့် ပိုမိုကျေးဇူးတင်တတ်လာစေမယ့် ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ တစ်နေ့ကို ကိုယ်ကျေးဇူးတင်မိတဲ့အရာသုံးခု ချရေးပါ။

၂။ ချစ်ရသူတွေကို “သူတို့ကို ဘာလို့ကျေးဇူးတင်မိတယ်” ဆိုတဲ့ အကြောင်းလေးတွေ နေ့စဉ်ပြောပါ။

၃။ ကိုယ့်ကိုယ်ကိုယ် သဘောကျမိတဲ့ လုပ်ရပ်တစ်ခုကို ပြန်စဉ်းစားပါ။

စာချစ်သူတို့ကော ကျေးဇူးတင်တတ်ပြီလား။