အချစ်ရေးနှင့် ကိုယ်ပျောက်သိုင်းပိုင်ရှင်များ….။

အခုနောက်ပိုင်းမှာ အချစ်ရေးကို သိုင်းလောကနဲ့ တင်စားလာကြတယ်။ အခုန်၊ အပျံ၊ အကျော်၊ အလွှားတွေမပါတဲ့ အချစ်ဟာ သိုင်းလောကထက်တောင် ရှုပ်ထွေးနက်နဲတယ်မလား။

ချစ်တယ်ဆိုတဲ့ စကားကိုပြောပြီး “စဉ်းစားရဦးမယ်”လို့ ပြောလိုက်တဲ့အချိန်မှာ အဖြေပြန်မတောင်းတော့ဘဲ ပျောက်သွားတဲ့ ကိုယ်ပျောက်သိုင်းပိုင်ရှင်တွေ….။

ချစ်သူတွေဖြစ်သွားပြီးမှ “မိဘကပဲ သဘောမတူသလို၊ ကိုယ့်မှာပဲ အပြစ်တွေရှိသလို” နဲ့ ဘာမပြောညာမပြော ပျောက်သွားတဲ့ အရူးသိုင်းကွက်နင်းတဲ့သူတွေ…။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကတိတွေအထပ်ထပ်ပေး၊ “မိုးလောက်ကြီးချစ်တယ်” လို့ပြောပြီး အခက်အခဲကြုံတဲ့အချိန် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတဲ့သူတွေ။

“တစ်ယောက်ဆိုတစ်ယောက်” ဆိုတဲ့ ကတိတွေပေးပြီး “ပိတောက်” “ချယ်ရီ” “သရဖီ” စုံအောင် ချစ်သွားကြတဲ့ ချစ်နိုင်လွန်းသူတွေ။

ကိုယ်တင်မကဘဲ ကိုယ့်သူငယ်ချင်းတွေကိုပါ မေတ္တာထားနိုင်လွန်းပြီး ကိုယ့်သူငယ်ချင်းကိုပါ ကိုယ်ပျောက်သိုင်း သင်ပေးသွားတဲ့သူတွေ စုံလို့စုံလို့ပေါ့။

တကယ်တော့ ရှုပ်ထွေးလှတဲ့ သိုင်းလောကကြီးထဲမှာ အသည်းမကွဲရအောင် ဂူအောင်းပြီးသိုင်းကျင့်နေတာပဲကောင်းပါတယ်။

သင်ကော….