ကံကောင်းခြင်းကို ဆောင်ကြဉ်းပေးမယ့် နည်းလမ်း ၆ သွယ်

စာချစ်သူတို့ရေ……….

ကံတရားဆိုတာ အလွန်ရိုးရှင်းပါတယ်။ သင်က ကောင်းတာတွေလုပ်ရင် ကောင်းတဲ့အရာတွေ သင့်ဆီပြန်လာတတ်ပြီး မကောင်းတာလုပ်ရင် မကောင်းတာတွေ ပြန်ရတတ်ပါတယ်။ ဒါကြောင့် လောကကြီးထဲမှာ အကောင်းမြင်စိတ်နဲ့ ရှင်သန်သင့်ပါတယ်။

ကိုယ်တိုင်ကျင့်သုံးဖို့နဲ့ လောကကြီးကို မျှဝေဖို့ အကောင်းမြင်စိတ်ကို တဖွားဖွားလှုံ့ဆော်ပေးမယ့် နည်းလမ်း ၆ သွယ်ကို ဂန္ထဝင်စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ လူတွေကို ကူညီပါ။

ဒလိုင်းလားမားရဲ့ အဆိုအရ သူတစ်ပါးကိုကူညီခြင်းဟာ ကံကောင်းခြင်းတွေကို စတင်ဖို့ ပထမခြေလှမ်းပါပဲ။  ကိုယ့်အတွက် အပန်းမကြီးတဲ့ အကူအညီလေးတစ်ခုဟာ လူတစ်ယောက်အတွက် ဘယ်လောက်တောင် အကျိုးဖြစ်ထွန်းသွားနိုင်လဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အထူးသဖြင့် လောကဓံရဲ့ ရိုက်ချက်တွေကို ကြုံနေရတဲ့ လူတစ်ယောက်ကိုပေါ့။

၂။ ရည်ရွယ်ချက်တွေနဲ့ ရှင်သန်ပါ။

မတူညီတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားတဲ့ လူ့ဘဝမှာ ကိုယ်ပိုင်အတွက် ရည်မှန်းချက်လေးတွေလည်း ရှိသင့်ပါတယ်။ ကိုယ်ဖြစ်ချင်တာတွေအတွက် ရလဒ်တွေကို ဂရုမစိုက်ဘဲ အားသွန်ခွန်စိုက်ကြိုးစားတဲ့အခါ အောင်မြင်မှုက အလိုလိုရောက်လာပါလိမ့်မယ်။ ဘေးနားကလူတွေကလည်း ယုံကြည်ရာကို မြဲမြံစွာ စွဲကိုင်ထားတဲ့ သင့်အပေါ် ယုံကြည်မှုတွေ ပိုလာပါလိမ့်မယ်။

၃။ စာနာမှုထားတတ်ဖို့နဲ့ သနားကြင်နာမှုရှိဖို့ လေ့ကျင့်ပျိုးထောင်ပါ။

ကံကောင်းချင်တယ်ဆိုရင် စာနာနားလည်တတ်ဖို့နဲ့ သနားကြင်နာတတ်ဖို့လည်း လေ့ကျင့်ထားဖို့ လိုပါတယ်။ လူတိုင်းမှာ အခက်အခဲဒုက္ခတွေရှိတယ်ဆိုတာရယ်၊ ကိုယ်လည်းပဲ အခက်အခဲတွေနဲ့ ကြုံရတတ်တာပဲ ဆိုတာကိုရယ် နားလည်လာတယ်ဆိုရင် အခြားလူတွေကိုလည်း စာနာနားလည်တတ်လာပါတယ်။ စိတ်အားထက်သန်စွာ ကူညီပေးတတ်လာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အမှန်တရားကို လက်ကိုင်ထားပါ။

မိတ်ဆွေသူငယ်ချင်း၊ သားသမီး၊ အိမ်ထောင်ဖက်နဲ့ အလုပ်အပေါ်မှာ ရိုးသားပါ။ ကိုယ့်ကို သူတစ်ပါးက လိမ်ညာမှာ မလိုလားဘူးဆိုရင် သူတစ်ပါးကိုလည်း မလိမ်ညာပါနဲ့။

၅။ တရားထိုင်ပါ။

တရားထိုင်ခြင်းဟာ အကောင်းမြင်စိတ်တိုးပွားဖို့ အလွန်အထောက်အကူဖြစ်စေပြီး အတွင်းစိတ် ငြိမ်းအေးအောင် ထိန်းသိမ်းနိုင်စေပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းမှုကို ရှာဖွေဖို့နဲ့ အဓိပ္ပာယ်ပြည့်ဝစွာ ရှင်သန်ဖို့အတွက် တရားထိုင်သင့်ပါတယ်။

၆။ ရေရှည်ကို ကြိုတွေးထားပါ။

စိတ်လွတ်ကိုယ်လွတ်ဖြစ်နေရချိန်၊ စိတ်ရှုပ်ထွေးနေရချိန်၊ ဘာဆက်လုပ်ရမှန်းမသိ လမ်းပျောက်နေချိန်တွေမှာ ရေတိုကိုမကြည့်ဘဲ ရေရှည်ကိုမြင်အောင်ကြည့်ပါ။

ကံကောင်းခြင်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ ဒီစာစောင်လေးကို အားလုံးအတွက် မျှဝေလိုက်တော့နော်။