အကောင်းဆုံးအချစ်ကို ရှာဖွေနေတယ်ဆိုရင် သင့်ကိုယ်သင် ချစ်လိုက်ပါ။

blank

“ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ခေါ်သလား” ဆိုတဲ့သီချင်းလေး ကြားဖူး ကြမှာပါ။

ဒီခေတ်ကြီးထဲမှာတော့ ပေးတိုင်းပြန်မရတာ အချစ်တစ်ခုတည်း မဟုတ်တော့ပါဘူး။

များသောအားဖြင့်…

စေတနာတွေဆိုတာလည်း ပေးတိုင်းပြန်မရပါဘူး။

ပေးဆပ်မှုတွေဆိုတာလည်း ပေးတိုင်းပြန်မရပါဘူး။

အားထုတ်မှုတွေဆိုတာလည်း ပေးတိုင်းပြန်မရပါဘူး။

နားလည်မှုတွေဆိုတာလည်း ပေးတိုင်းပြန်မရပါဘူး။

နောက်ဆုံး အရင်းနှီးဆုံးသူကို ပေးလိုက်မိတဲ့အကြွေးတောင်မှ ပြန်ရဖို့ မသေချာပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီတော့ မျှော်လင့်ရတာတွေက စိတ်ပင်ပန်းစရာပါ။ အဲ့ဒီပင်ပန်းမှုတွေကို ဒီနေ့ပဲ အဆုံးသတ်လိုက်ပါ။ ဒီ နေ့ကစပြီး သင့်ကိုယ်သင်ချစ်ပါ။ သင့်ကိုယ်သင် အချစ်တွေပေးထားရင် ပြန်မရတဲ့ သင့်စေတနာတွေအတွက် လည်း နာကျင်မိတော့မှာ မဟုတ်ပါဘူး။ သင့်မှာ သင့်အပေါ်စေတနာထားတဲ့ သင်ရှိနေတယ်လေ။ ပြန်မရတဲ့ ပေးဆပ်မှုတိုင်းအတွက်လည်း ဝမ်းနည်းမိတော့မှာ မဟုတ်ပါဘူး။ သင့်အတွက် အမြဲအဆင်သင့်ရှိနေတဲ့ သင်ရှိ တယ်လေ။ တုံ့ပြန်မခံရတဲ့ အားထုတ်မှုတိုင်းအတွက်လည်း စိတ်ပျက်မိတော့မှာ မဟုတ်ပါဘူး။ သင်အားငယ် လဲကျချိန်တိုင်း ပြန်ထူမတ်ပေးမယ့် သင်ရှိနေတယ်လေ။ အသွားအပြန်မရှိတဲ့ နားလည်မှုတွေအတွက်လည်း ကြေကွဲမိတော့မှာ မဟုတ်ပါဘူး။ သင့်လောက် သင့်အပေါ် နားလည်ပေးနိုင်မယ့်သူ မရှိဘူးလေ။

သူတစ်ပါးကို ချစ်ပါ။

ဒါပေမဲ့ သူတို့ကို မချစ်ခင် သင့်ကိုယ်သင် အရင်ချစ်ပါ။

ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ သင့်အနားမှာမရှိတော့ရင်တောင် သင်ကိုယ်တိုင်ကတော့ သင့်အ နားမှာ သေချာပေါက် ရှိနေပေးသွားမှာမို့ပါ။

သင်ကော သင့်နှလုံးသားထဲမှာ သင့်အတွက် ရာခိုင်နှုန်းဘယ်လောက်အထိ နေရာပေးထားလဲ။