မိန်းမတွေက ဘာကြောင့် စကားပိုများကြတာလဲ။

blank

ဧည့်ခန်းထဲထိုင်ပြီး စာအုပ်ဖတ်နေတဲ့ ခင်ပွန်းဖြစ်သူက မီးဖိုခန်းထဲ အလုပ်ရှုပ်နေတဲ့ ဇနီးသည်ကို လှမ်း ပြောပြပါတယ်။

“မိန်းမရေ… ဒီမှာ ငါဖတ်လိုက်ရတာလေး ပြောပြမလို့။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသားတွေက တစ်ရက်ကို ပျမ်းမျှစကားလုံး ၁ဝဝဝဝ လောက်ပြောတယ်တဲ့။ မိန်းမတွေကတော့ တစ်ရက် ကို ၂ဝဝဝဝ လောက်တောင် ပြောတယ်ဆိုပဲ”

မီးဖိုခန်းထဲချက်ပြုတ်နေရာက ဇနီးသည်က တစ်ခွန်းပဲ ပြန်အော်ပြောလိုက်ပါတယ်။

“ အဲ့ဒါဘာလို့လဲသိလား။ မိန်းမတွေက တစ်ခါပြောရုံနဲ့ နားမလည်တဲ့ နလပိန်းတုံးတွေကို ထပ်ခါထပ်ခါ ပြောနေရတော့ ရှင်တို့တွေရဲ့နှစ်ဆဖြစ်သွားတာပေါ့”

ကဲ… သင်ကော ဒီအချက်လေးကို သဘောတူပါသလား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။