Gym မှာ တွေ့ရတတ်တဲ့ လူအမျိုးမျိုး…

blank

၁။ Mirror Selfie ရိုက်ဖို့ Gym လာသလားထင်ရလောက်အောင် မှန်ရှေ့မှာ Selfie ဆွဲတတ်တဲ့သူတွေ။

၂။ ချစ်သူနဲ့အတူ gym ဆော့ရင်း အများတကာတွေ မနာလိုလောက်အောင် ရိုမန်တစ်ဆန်ဆန်တွေ လုပ်ပြနေတတ်တဲ့ ချစ်သူစုံတွဲ။

၃။ လေ့ကျင့်ခန်းသေချာလုပ်မလုပ်တော့ မသိနိုင်ပေမယ့် Gymnastics ဝတ်စုံအပျံစားတွေ ဝတ်ပြီး ပဲပေးတတ်တဲ့ ပဲမမတွေ။

၎။ ခန္ဓာကိုယ်ကောက်ကြောင်းလှလှလေးတွေ၊ ကြွက်သားအဖုအထစ်တွေရအောင် အားထုတ်ထားပြီး အများတကာရှေ့မှာ မမြင်မြင်အောင် ကြွားတတ်တဲ့ အကိတ်ကြီးတွေ…။

၅။ Gym ကို အချိန်မှန်မှန်၊ နေ့တိုင်းလာတတ်ပြီး ပုံမှန်လုပ်တတ်တဲ့ ကျန်းမာရေးလိုက်စားသူတွေ…။

၆။ လူငယ်တွေနဲ့ အပြိုင်ဂေါ်နိုင်တဲ့ အန်ကယ်ကြီး၊ အန်တီကြီးတွေ…။

၇။ Gym  တိတ်တိတ်လေးပဲလေးပဲလာပြီး လေ့ကျင့်ခန်းလုပ်ပြီး တိတ်တိတ်လေးထွက်သွားတတ်တဲ့ ရေခဲတုံးကြီးတွေ…။

၈။ မာဆယ်တောင့်တောင့်တွေ ပိုင်ဆိုင်မယ်ဆိုတဲ့ အိပ်မက်နဲ့ လာကစားတဲ့ perfect body အိပ်မက်ပိုင်ရှင်တွေ…။

၉။ Gym နဲ့ စားသောက်ဆိုင်မှားလာသလား ထင်ရလောက်အောင် အစားအသောက်တွေ မှာစားနေတတ်တဲ့သူတွေ..။

၁ဝ။ မသိတဲ့သူတွေက Trainer နဲ့ မှားရလောက်အောင် သူများကို ဆရာလုပ်တတ်တဲ့ မောင်တတ်ပ၊ မယ်တတ်ပတွေ…။

၁၁။ အားကစားခန်းမထဲမှာ အမျိုးလိုက်စပ်ရင်း ပျော်နေတတ်တဲ့ လေအိုးတွေ။

၁၂။ Trainer ခိုင်းတာနဲ့ တစ်စက်မှမတူအောင် လုပ်တတ်တဲ့ တလွဲလုပ်နိုင်သူတွေ။

၁၃။ Gym တစ်ခုလုံးနဲ့ ခင်အောင်ပေါင်းနိုင်တဲ့ ဆိုရှယ်ကျသူတွေ။

သင်ကော… gym မှာ ဘယ်လိုလူတွေနဲ့ တွေ့ဖူးလဲ။ သင်ကကော ဘယ်နံပါတ်ထဲမှာ ပါလဲ။