Body-shaming လုပ်လို့လုပ်နေမှန်းမသိဘဲ ပြောမိနေတဲ့ စကားလေးတွေ….

blank

လူတိုင်းမှာ အခြားသူနဲ့မတူတဲ့ခန္ဓာကိုယ်တစ်ခုစီရှိတယ်။ ဒါပေမဲ့ အဲ့ဒီလိုမတူညီမှုတွေကို အခြားလူတွေက ဟာသလုပ်စရာတစ်ခုအဖြစ်မြင်ပြီး body-shaming လုပ်တာကို ခံရတတ်တယ်။ ကျွန်မတို့တတွေဟာ body-shaming ကို ဆန့်ကျင်တယ်၊ body-shaming လုပ်တာ မကောင်းဘူးလို့ပြောကြပေမယ့် body-shaming ဖြစ်စေတဲ့ စကားတချို့ကို ပြောမိတတ်တယ်။ ဒါ့ကြောင့် body-shaming လုပ်တာကို ဆန့်ကျင်တဲ့သင့်အနေနဲ့ ရှောင်ရှားသင့်တဲ့ စကားလုံးတချို့ကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ တော်သေးတယ်နော်… ငါကနင့်လိုမဝလို့။

၂။ နင့်ခန္ဓာကိုယ်နဲ့ အဲ့ဒီလိုဝတ်ရဲတာ ချီးကျူးတယ်။

၃။ နင်က ဝပေမယ့် လှပါတယ်။

၎။ အရမ်းပိန်တယ်နော်။ အစားများများစားဦး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ မိန်းကလေးဆိုတာ ကောက်ကြောင်းတွေနဲ့မှ လှတာ။

၆။ ဝိတ်လျှော့နေတာလား။ အရမ်းလှလာတယ်။

၇။ အရမ်းစားနိုင်တယ်နော်။

၈။ နင်က ပိန်တော့ ဘယ်လောက်စားစား ကိစ္စမရှိဘူးနော်။ အားကျတယ်။

၉။ နင်က ပိန်တော့ အဲ့ဒီလိုဝတ်ရင်လှတယ်။

၁ဝ။ အရပ်ပုတော့လည်း စကပ်တိုလေးတွေနဲ့ လိုက်တယ်။

၁၁။ ညနေပိုင်း အစားမစားဘဲနေကြည့်ပါလား။ ဝိတ်ကျတယ်။