ရေလည်ဂေါ်တဲ့ စော်ဆိုတာ….

ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကို မမှားအောင် ချမှတ်နိုင်ကြတယ်။

ကိုယ့်အသုံးစရိတ်ကို ကိုယ်ရှာနိုင်တဲ့ ငွေကြေးလွတ်လပ်ခွင့်တွေရှိကြတယ်။

အချစ်ရေးကြောင့် ခံစားနေမယ့် ခရီးတွေ တန်းစီထွက်တတ်ကြတယ်။

အသည်းကွဲခြင်းကို အစားအသောက်နဲ့ ကုစားနိုင်ကြတယ်။

ရှက်ကြောက်ပြီးလူတောမတိုးခြင်းနဲ့ ရဲတင်းပြီး အတင်းရောတာကို ကွဲကွဲပြားပြားသိကြတယ်။

မိဖုရားတစ်ယောက်ဖြစ်ဖို့ထက် ဘုရင်မဖြစ်ဖို့ပဲ ကြိုးစားကြတယ်။

လက်တွဲဖော်ကို လုံးလုံးလျားလျားမှီခိုနေတာထက်  လက်တွဲညီညီလျှောက်ဖို့ပဲ စဉ်းစားကြတယ်။

မကောင်းတဲ့ဝေဖန်သံတွေကို လျစ်လျူရှုပြီး ဘဝကိုမမှတ်မသုန်လျှောက်နိုင်ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခေတ်မီအောင်နေကြပေမယ့် ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းကြတယ်။

နှလုံးသားကို ပုံအောပြီးပေးတတ်ကြပေမယ့် ထားရမယ့် ကန့်သတ်ချက်တွေကိုလည်း ထိန်းသိမ်းနိုင်ကြတယ်။

မှန်နေရင် ရဲရဲဝံ့ဝံ့ပြောတတ်သလို မှားနေရင် သတ္တိရှိရှိပြင်ရဲကြတယ်။

သူများတွေကို လေးလေးစားစားဆက်ဆံသလို ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်ကြတယ်။

သိနေတာတွေကို ဝေမျှရဲသလို မသိသေးတာတွေကို စူးစမ်းရှာဖွေရဲတယ်။ သိတတ်တဲ့သူကို မေးရဲကြတယ်။

ကိုယ်အသည်းကွဲမှာ မလိုလားသလို သူတစ်ပါးအသည်းကွဲမယ့်ကိစ္စတွေကို ရှောင်ရှားကြတယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သလို လူမှုကျင့်ဝတ်တွေကိုလည်း ထိန်းသိမ်းကြတယ်။

သင့်ဘယ်အချက်လေးတွေက ကိုက်ညီလဲ။ Comment box မှာ မျှဝေပေးပါဦး။