စိတ်ဓာတ်ကျတိုင်း ခဏခဏပြန်ဖတ်ဖို့ ကမ္ဘာကျော်ဒဿနများ

၁။ သင့်ဘဝမှာ ရှုံးနိမ့်မှုတွေအများကြီး ကြုံတွေ့ရလိမ့်မယ်။ ဒါပေမဲ့… သင့်ကိုယ်သင်တော့ ဘယ်တော့မှ ရှုံးနိမ့်မခံပါနဲ့။

၂။ လူတစ်ယောက်ရဲ့အကြီးမြတ်ဆုံး ဂုဏ်ကျက်သရေဆိုတာ ဘယ်တော့မှ မကျရှုံးတာမဟုတ်ပါဘူး။ လဲ ကျတိုင်း ပြန်ထတာကို ပြောတာပါ။

၃။ အဓိပ္ပာယ်ရှိတဲ့ရှင်သန်ခြင်းဆိုတာ အသက်ရှင်သွားတဲ့နှစ်ကာလနဲ့ ရေတွက်တာမဟုတ်ပါဘူး။ ရှင်သန် သွားတဲ့နှစ်ကာလတွေအတွင်း လုပ်ဆောင်ချက်တွေနဲ့ ရေတွက်တာပါ။

၎။ ဘဝဆိုတဲ့ကြိုးဝိုင်းထဲမှာ အကြောက်တရားကြောင့် သင့်ကိုယ်သင် ဘယ်တော့မှ ရှုံးနိမ့်ခွင့်မပေးလိုက် ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ စွန့်စားမှုဆိုတာမရှိရင် ဘဝကလည်း အဓိပ္ပာယ်မရှိပါဘူး။

၆။ ဘဝမှာ ကျရှုံးနေသူအများစုဆိုတာ သူတို့အရှုံးပေးတော့မယ့်အချိန်ဟာ အောင်မြင်မှုက သူတို့နဲ့အနီးဆုံး ရောက်နေချိန်ဆိုတာ သဘောမပေါက်ကြတဲ့သူတွေပါပဲ။

၇။ သင့်ခေါင်းထဲမှာ ဦးနှောက်ရှိတယ်။ သင့်ဖိနပ်တွေထဲမှာ သင့်ခြေထောက်ရှိတယ်။ သင်သွားဖို့ ရွေးချယ် လိုက်တဲ့ ဘယ်နေရာကိုမဆို သင့်ကိုယ်သင် လမ်းပြပြီး ရောက်အောင်သွားလိုက်ပါ။

ဒီစာစောင်လေးကို SHARE ခြင်းဖြင့် စိတ်ဓာတ်ခွန်အားတွေကို မျှဝေပေးလိုက်ပါဦးနော်။