စိတ်ထဲမှာ အမြဲအမှတ်ရနေသင့်တဲ့ အရာလေးများ

၁။ အတိတ်ဆိုတာ ပြောင်းလဲလို့မရနိုင်တော့တဲ့အရာတစ်ခုပါ။

၂။ သူတစ်ပါးရဲ့ထင်မြင်ချက်တွေဆိုတာ သင့်အတွက် အမှန်တရားမဖြစ်နိုင်ပါဘူး။

၃။ ဘဝလမ်းကြောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားကြပါတယ်။

၎။ ပြစ်တင်ဝေဖန်ခံရတိုင်း သင်မှားနေလို့ မဟုတ်ပါဘူး။

၅။ အတွေးလွန်ခြင်းက ဝမ်းနည်းစရာတွေကို ယူဆောင်လာတတ်ပါတယ်။

၆။ ပျော်ရွှင်မှုဆိုတာ အတွင်းစိတ်ထဲမှာ ရှာဖွေရမယ့်အရာပါ။

၇။ သင့်အတွေးတွေဟာ သင့်စိတ်နေသဘောထားအပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

၈။ အပြုံးဆိုတာ ကူးစက်တတ်တဲ့ဗိုင်းရပ်စ်တစ်မျိုးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၉။ ကြင်နာမှုဆိုတာ ငွေနဲ့ပေးဝယ်စရာမလိုပါဘူး။

၁ဝ။ လက်လွှတ်သင့်တာကို လက်လွှတ်ပြီး ဆက်လုပ်သင့်တာကို ဆက်လုပ်နေရင် ဘဝကြီးက သာယာနေပြီးသားပါ။

၁၁။ လက်လွှတ်လိုက်ရတဲ့အရာအတွက် အစားထိုးဝင်လာမယ့်အရာဆိုတာ ရှိနေပါတယ်။

၁၂။ မုန်တိုင်းပြီးရင် လေပြည်လေညင်းတွေ ဝင်လာစမြဲပါ။

စာချစ်သူတို့အတွက် အသိတစ်ခုရလိုက်တယ်ဆိုရင် မျှဝေလိုက်ပါဦးနော်။