အချစ်လို့ခေါ်သလား။

ချမ်းအေးလှတဲ့ ဆောင်းရာသီရဲ့ မနက်ခင်းတစ်ခုမှာ ဆေးခန်းဖွင့်ရင်းနဲ့ ကျွန်မ အလုပ်များနေခဲ့ပါတယ်။ မနက်ရှစ်နာရီခွဲအချိန်လောက်မှာတော့ အသက်ရှစ်ဆယ်အရွယ် အဘိုးအိုတစ်ယောက်ဟာ သူ့လက်ဒဏ်ရာက ချုပ်ရိုးတွေကို ဖြည်ဖို့အတွက် ရောက်လာပါတယ်။ ကိုးနာရီမှာ ချိန်းထားတာလေးတစ်ခုရှိနေလို့ မြန်မြန်ဖြည်ပေးပါတဲ့လေ။

ကျွန်မလည်း အဘိုးကို သွေးပေါင်ချိန်တွေတိုင်းပြီး ခဏထိုင်နားခိုင်းထားတာပေါ့။ ချုပ်ရိုးဖြည်တယ်ဆိုတာ အချိန်ယူပြီး လုပ်ရတာဖြစ်တဲ့အတွက် တစ်နာရီလောက်ကို ကြာတတ်ပါတယ်။ ဒါပေမဲ့ အဘိုးက စိတ်လောကြီးပြီးတော့ တစ်ချိန်လုံးနာရီကြည့်နေတာရယ်၊ တခြားလူနာလည်း မရှိသေးတာရယ်ကြောင့် အဘိုးရဲ့ ဒဏ်ရာကို လျင်လျင်မြန်မြန်ကြည့်ပြီး ဆေးထည့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်ကဒဏ်ရာကို ကြည့်လိုက်တော့ အဘိုးဒဏ်ရာက ကောင်းကောင်းကျက်နေပါပြီ။ ဒါကြောင့် တစ်ခါတည်းပဲ ချုပ်ရိုးကို ဖျည်ပြီး ဒဏ်ရာကို သန့်ရှင်းရေးလုပ်၊ ဆေးထည့်ပေးလိုက်ပါတယ်။

ဆေးထည့်ပေးနေတဲ့အချိန်မှာလည်း အဘိုးက နာရီတကြည့်ကြည့်လုပ်နေလို့ “ဘယ်သူနဲ့ ချိန်းထားလို့ ဒီလောက်လောနေရတာလဲ အဘိုးရယ်” လို့ကျွန်မကမေးလိုက်တော့ အဘိုးက “တခြားမဟုတ်ပါဘူး သမီးရယ်။ အဘိုးရဲ့ ဇနီးနဲ့အတူတူ မနက်စာစားဖို့ ဘိုးဘွားရိပ်သာကို သွားရမှာမို့ပါ”တဲ့။ ကျွန်မလည်း အဘိုးရဲ့ဇနီး၊ အဘွားအကြောင်းကို စပ်စုကြည့်တာပေါ့။ တကယ်တော့ အဘွားဟာ အယ်လ်ဇိုင်းမားရောဂါဝေဒနာရှင်တစ်ယောက်ဖြစ်ပြီး ဘိုးဘွားရိပ်သာမှာ ခဏနေနေရတာပါတဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“တကယ်လို့များ အဘိုးက နည်းနည်းနောက်ကျရင် အဘွားက စိတ်ကောက်သွားမှာလား” လို့ ကျွန်မက အဘိုးကို စကြည့်တော့ အဘိုးက အဘွား သူ့ကို မမှတ်မိတော့တာ ငါးနှစ်တောင်ရှိပြီလို့ ပြန်ပြောပါတယ်။ ကျွန်မလည်း အရမ်းအံ့သြသွားတာပေါ့။ “အဘွားက အဘိုးကို ဘယ်သူမှန်းမသိတော့တာတောင် မနက်တိုင်း အဘွားဆီ သွားနေတုန်းပေါ့” လို့ မေးလိုက်မိပါတယ်။

ဒီအခါမှာ အဘိုးကတစ်ချက်ပြုံးလိုက်ပြီးတော့ “သူမမှတ်မိတော့ပေမယ့် အဘိုးကတော့ သူ့ကို အခုထိကောင်းကောင်းကြီးသိနေသေးတယ်လေ” တဲ့လေ။ ကျွန်မလေ အဘိုးရှေ့မှာ မျက်ရည်မကျမိအောင် မနည်းကို ထိန်းလိုက်ရပါတယ်။ “ကျွန်မဘဝမှာ ဒီလိုမျိုးအချစ်ကိုပဲ လိုချင်မိတယ်”

အချစ်စစ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာတွေ၊ စိတ်ကူးယဉ်ဆန်လွန်းတာတွေမဟုတ်ပါဘူး။ တကယ်တော့ အချစ်စစ်ဆိုတာဟာ သူ့ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အားလုံးကို လက်ခံလိုက်နိုင်ခြင်းပါပဲ။

ဒီစာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။