ပျော်ရွှင်ချင်ရင် သင့်ကိုယ်သင် အချစ်တွေပေးလိုက်ပါ။

သင်ကောင်းသလောက် သူတို့တွေက သင့်အပေါ် ပြန်မကောင်းကြဘူးလား။

သင်ပေးသလောက်အချစ်တွေ ပြန်မရဘူးလား။

သင့်စေတနာတွေအတွက် စော်ကားခံရမှုတွေပဲ ပြန်ရနေလား။

မှန်ပါတယ်။ လောကကြီးက သင်ထင်သလောက် မလွယ်ပါဘူး။ ခက်ခဲတယ်။ ကြမ်းတမ်းတယ်။ နာ ကျင်စရာတွေများတယ်။ သင့်ကိုယ်သင်မှ မချစ်တတ်ရင် ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ သင့်ဘေးကလူတွေကိုချစ်ပါ။ သင့်ကိုယ်သင် ပိုချစ်ပါ။ သင်ချစ်တဲ့သူတွေကို အားကိုးပါ။ ဒါပေမဲ့ သင့်ကိုယ်သင်ပိုအားကိုးပါ။ သင့်မျှော်လင့်ချက်တွေကို တခြားသူတွေအပေါ်မှာထက် သင့်ကိုယ်သင်အပေါ်မှာပဲ တည်ဆောက်ပါ။

သင်ပေးသလောက်အချစ်တွေကို သင့်ကိုယ်သင်ဆီကပဲ သေချာပေါက်ပြန်ရမှာပါ။ ဒါကြောင့် သင့်ကိုယ် သင် အချစ်တွေပေးလိုက်ပါ။ ပျော်ရွှင်တဲ့ဘဝကို ရယူပိုင်ဆိုင်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။