ပတ်ဝန်းကျင်ကို အဆိပ်ခတ်နေတဲ့ အဆိုးမြင်အတွေးတွေကိုဖယ်ရှာဖို့….

blank

စာချစ်သူတို့ရေ…။

ကျွန်မတို့အများစုဟာ လူတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုအပေါ်မူတည်ပြီး မှတ်ချက်လေးတွေပေးတတ်ကြတယ်။ “ မိန်းကလေးဖြစ်ပြီး ဒီလိုပြောရလား” “ယောကျာ်းဖြစ်ပြီး ငိုရလား” စတဲ့ မှတ်ချက်တွေဟာ Gender harassment လို့ခေါ်တဲ့ ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းပေါ်မှာ မူတည်ပြီး အရှက်ရစေခြင်းပဲဖြစ်ပါတယ်။

Gender harassment ရဲ့ ဥပမာ တစ်ချို့ကတော့….

  • လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို အခြေခံပြီး ဝေဖန်တာ…။ (ဥပမာ- ယောက်ျားဖြစ်ပြီး ငိုရလား)
  • ခန္ဓာကိုယ်ရဲ့ အားနည်းချက်ကို ပြက်ရယ်ပြုတာ… (ဥပမာ- ဝတဲ့လူကို ဖက်တီးပုတ် လို့ခေါ်တာ)
  • လိင်စိတ်ခံယူမှုကို အခြေခံပြီး နာမည်ပြောင်တွေ တပ်ခေါ်တာ… (ဥပမာ- နှစ်ပိုင်းတစ်ပိုင်း၊ အခြောက်)

အဲ့ဒီလိုအပြုအမူတွေဟာ အကြမ်းဖက်မှုဖြစ်ပေမယ့် အကြမ်းဖက်မှုလို့မမြင်ဘဲ ကျွန်မတို့အများစု နေ့စဉ်လိုလို ကျူးလွန်မိနေတဲ့ အဖြစ်လေးတွေပဲဖြစ်ပါတယ်။ သာယာလှပတဲ့ လူမှုပတ်ဝန်းကျင်ကြီးကို ဖန်တီးဖို့အတွက် အဲ့ဒီလို အဆိပ်အတောက်လေးတွေကို ဖယ်ရှားဖို့လိုတာကြောင့် ဒီနေ့ကစပြီး အဲ့ဒီအကျင့်တွေကို ရပ်လိုက်ရအောင်နော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။