ကံချွတ်ချော်မှုတွေရှိခဲ့ရင်တောင် သင့်အရည်အချင်းတွေနဲ့ ဆက်ရှင်သန်ပါ။

blank

တစ်နေ့မှာ ကျွန်မဟာ မာ့ခ်ဆိုတဲ့ ဘတ်စကတ်ဘောကစားတဲ့ လူငယ်တစ်ယောက်နဲ့ အွန်လိုင်း ပေါ်ကနေ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ သူက စကားမပြောနိုင်သလို ခြေထောက်တွေလည်း မသန်ပါဘူး။ သူ သွားချင်တဲ့နေရာတွေကို ဝီးလ်ချဲနဲ့ပဲ သွားလာရပါတယ်။ အမောခံနိုင်ဖို့အတွက် အားလပ်ရက်တွေ မှာ သူလေ့ကျင့်ခန်းလုပ်တဲ့အခါ ကျွန်မလည်း သူ့ဝီးလ်ချဲကို ကူတွန်းပေးရင်း အတူလိုက်ပြေးပါတယ်။

အဲ့ဒီလောက်အကြာကြီး တစ်ခါမှမပြေးဖူးတဲ့ကျွန်မအတွက် တော်တော့်ကိုမောပန်းနေခဲ့ပါ တယ်။ ဒါပေမဲ့ မောတယ်ဆိုပြီး ရပ်မပစ်ဘဲ အားလပ်ရက်တိုင်း သူနဲ့အတူ လိုက်ပြေးပါတယ်။ လိုအပ် နေသူတစ်ယောက်ကိုကူညီပေးရတာက ကျွန်မအကြိုက်ဆုံးအလုပ်ပါပဲ။ ဒါကြောင့် ကျွန်မပတ်ဝန်းကျင် မှာ လိုအပ်နေတဲ့သူတွေကို ကျွန်မ တတ်နိုင်သမျှလည်း ကူညီပေးလေ့ရှိပါတယ်။ ကူညီရင်းနဲ့ သူတို့ တွေဆီက အခြေအနေအမျိုးမျိုးကိုလည်း မြင်ရပါတယ်။

တချို့လူတွေဟာ ရောဂါဝေဒနာတွေကို ခံစားနေရတယ်။ တချို့တွေကတော့ မတော်တဆမှု တစ်ခုခုကြောင့် မသန်မစွမ်းဘဝကို ရောက်နေကြတယ်။ ဒါပေမဲ့ သူတို့ဘဝကို အရှုံးမပေးဘဲ ဆက် လက်ရှင်သန်ဖို့ ကြိုးစားကြတယ်။ စာတွေရေးကြတယ်။ ပညာတွေ ဆက်သင်ကြတယ်။ ချစ်ခင်တဲ့သူ တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေကြတယ်။ အလုပ်လုပ်ကြတယ်။ ဂီတကို လေ့လာလိုက်စား ကြတယ်။ မှောင်မိုက်နေတဲ့အချိန်မှာ အလင်းရောင်ရဖို့ သူတို့ကြိုးစားကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ လူတိုင်းဟာ လူမှုဝန်းကျင်မှာ ကိုယ့်ကျွမ်းကျင်မှုနဲ့ ရှင်သန်လို့ ရပါတယ်။ လူ တိုင်းရဲ့ဘဝမှာ စိန်ခေါ်မှုတွေရှိကြပါတယ်။ အဲ့ဒီစိန်ခေါ်မှုတွေကို အရှုံးမပေးဘဲ ရင်ဆိုင်ကျော်ဖြတ်တဲ့ သူဟာ ဘဝမှာ အောင်မြင်နေသူပါပဲ။ ကံမကောင်းလို့ဆိုပြီး ထိုင်နေရင်လည်း ထိုင်နေတဲ့နေရာမှာပဲ အချိန်တွေ ကုန်သွားမှာပါ။ ကံမကောင်းပေမဲ့ ကြိုးစားတော့လည်း အဲ့ဒီနေရာက ရွေ့မှာပါပဲ။

ဒါကြောင့် ကံကိုအပြစ်မတင်ပါနဲ့။ ကိုယ့်ဘဝကို အပြစ်မတင်ပါနဲ့။ ကိုယ့်ဘဝအနာဂတ်ဆိုတာ ကိုယ့်လက်ထဲမှာပဲမူတည်တာကြောင့် တတ်နိုင်သမျှ ရုန်းထကြိုးစားလိုက်ပါနော်။

စိတ်ဓာတ်ခွန်အားတွေပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို LIKE & SHARE လေးလုပ်ပေးပါဦးနော်။