တခြားသူတွေဖန်တီးပေးမှ ခံစားခွင့်ရမယ့် ပျော်ရွှင်မှုတွေကို စောင့်နေရတာ နာကျင်နေပြီလား။

blank

သင့်ဖြစ်တည်မှုအဓိပ္ပာယ်၊ သင့်ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ နွေးထွေးခြင်း၊ အထီးကျန်ခြင်းတွေဟာ တ ခြားသူတွေနဲ့ ဆက်စပ်နေပြီဆိုရင်တော့ သေချာပါတယ်။ သင်ဟာ မကြာခင်မှာ နာကျင်ရတော့မယ်။ ဘာ ကြောင့်လဲဆိုတော့ တခြားသူတွေရဲ့အချစ်ဆိုတာ သင့်ကိုယ်သင်ချစ်တဲ့အချစ်လောက် မသေချာလို့ပါပဲ။

ယုံပါ။

သင့်အတွက် ပျော်ရွှင်မှုကို သင်ကိုယ်တိုင်လုံလောက်အောင် ဖန်တီးပေးနိုင်ပါတယ်။ သင့်အတွက် လုံခြုံ နွေးထွေးတဲ့ရင်ခွင်ကို သင့်ကိုယ်သင် ပေးနိုင်ပါတယ်။ သင့်ဖြစ်တည်မှုကိုလည်း သင်ကိုယ်တိုင် အဓိပ္ပာယ်ရှိရှိ တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီအရာတွေအားလုံးကို တခြားသူတွေဆီက စောင့်မျှော်နေမယ့်အစား သင့်ကိုယ်သင် ဖန်တီးယူလိုက်ပါ။

ကဲ… သင့်ကိုယ်သင် အချစ်တွေပေးဖို့ အဆင်သင့်ဖြစ်နေပြီလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။