အိမ်ရှင်မဆိုတာ သိပ်ကိုသက်သာတာပဲလား။

blank

အိမ်ရှင်မဆိုတဲ့နေရာလေးဟာ နေရတာ သိပ်ကိုသက်သာတာပဲလို့ ငယ်ငယ်တုန်းက ထင်ခဲ့ဖူးတယ်။ ဖေဖေအလုပ်သွားတဲ့အချိန်၊ ကျွန်မတို့မောင်နှမတွေ ကျောင်းသွားတဲ့အချိန် အမေကအိမ်မှာ ဇိမ်ကျကျနေခဲ့ရလိမ့်မယ်လို့ ထင်မှားခဲ့ဖူးတယ်။ အမေဟာတစ်နေကုန်အိမ်မှာတီဗွီကြည့်မယ်၊ အိပ်နေမယ်လို့လည်း မြင်ယောင်မိခဲ့တယ်။ စာကျက်ဖို့ပျင်းလာတဲ့အခါ အသက်ကြီးလာရင် အမေ့လို ဇိမ်ကျကျကလေးနေပြီး အိမ်ရှင်မကြီးလုပ်ပစ်မယ်လို့ ကလေးအတွေးနဲ့ တွေးခဲ့ဖူးတယ်။

ကျွန်မကိုယ်တိုင်မိခင်ဆိုတဲ့နေရာကိုရောက်လာတဲ့အခါမှာတော့ ကျွန်မထင်ခဲ့ဖူးတာတွေနဲ့ လက်တွေ့ဟာ တက်တက်စင်လွဲခဲ့မှန်းသိလာခဲ့တယ်။ ကလေးတွေကျောင်းသွားတဲ့အချိန်၊ အိမ်သားက ရုံးသွားတဲ့အချိန်မှာ တစ်စက်ကလေးမှ အငြိမ်မနေရတဲ့အပြင် သူတို့တွေမနှိုးခင်ကတည်းကထ၊ သူတို့တွေအိပ်တဲ့အထိ မအိပ်ရသေးတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ကိုနားလည်လာခဲ့တယ်။ အိမ်ရှင်မတစ်ယောက်မှာ အသိအမှတ်ပြုလက်မှတ်မရတဲ့ အရည်အချင်းတွေပေါင်းများစွာရှိတယ်ဆိုတာကိုလည်း မြင်လာခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အိမ်ရှင်မတွေဟာ….

သားသမီးတွေငြင်းခုံတဲ့အခါ တရားသူကြီးလို ဆုံးဖြတ်ပေးရတယ်။

ခင်ပွန်းသည်ရဲ့ ဝင်ငွေ၊ အိမ်ရဲ့ထွက်ငွေတွေကို ဘဏ္ဍာရေးမှူးတစ်ယောက်လို စီမံပေးရတယ်။

မိသားစုတွေရဲ့ အာဟာရတန်ဖိုးနဲ့ ကုန်ဈေးနှုန်းတွေရဲ့ အကြားမှာ စာရင်းကိုင်တစ်ယောက်လို တွက်ချက်ရတယ်။

အိမ်သားတွေဖျားတဲ့အခါ သူနာပြုတစ်ယောက်လို ပြုစုပေးရတယ်။

ခင်ပွန်းနဲ့သားသမီးတွေကို ရှေ့နေတစ်ယောက်လို အကြံဉာဏ်တွေပေးရတယ်။

သားသမီးတွေကို ဆုံးမတဲ့အခါ တရားပြဆရာလိုပဲ လမ်းကြောင်းပေးရတယ်။

အဆိုတော်တစ်ယောက်ထက်မညံ့တဲ့ ဖျော်ဖြေမှုတွေနဲ့ သားချော့တေးဆိုရတယ်။

တစ်ခါတလေမှာ သရုပ်ဆောင်တစ်ယောက်လို မင်းသမင်းလိုနူးညံ့၊ တစ်ခါတလေမှာ ဘီလူးစိုင်းတီးပြရတယ်။

ဒါ့ကြောင့်လေ… အိမ်ရှင်မဆိုတာ အိမ်သားရှာတဲ့ငွေတွေကို ကိုင်ပြီး ဇိမ်ကျကျလေးနေရတယ်လို့ မထင်လိုက်ပါနဲ့။ အိမ်ရှင်မဆိုတဲ့နေရာလေးကို အောင်အောင်မြင်မြင်ရပ်တည်နိုင်ဖို့အတွက် ဘွဲ့လက်မှတ်မရတဲ့ အရည်အချင်းပေါင်းများစွာလည်း လိုအပ်ပါသေးတယ်လို့။

မှီခိုလို့ရေးထားရတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေကို ပေါ့သေးသေးသဘောထားတတ်တဲ့လူတွေဟာလေ အိမ်ရှင်မရဲ့နေရာကို တစ်ပတ်လောက်အစားဝင်ကြည့်လိုက်ပါ။ ခေတ်စကားနဲ့ပြောရရင် ရူးတောင်သွားဦးမယ်။

သင်သိတဲ့ စကေးကြမ်းတဲ့ အိမ်ရှင်မတစ်ယောက်ကို mention ခေါ်လိုက်ပါဦး။