သင့်ကိုရယ်မောတဲ့သူတွေကို ဒီလိုဂုဏ်ယူစွာနဲ့ တုံ့ပြန်လိုက်ပါ။

blank

သင့်ရဲ့ဝဖြိုးမှုကို ရယ်မောတဲ့သူတွေနဲ့တွေ့တဲ့အခါ…

  • သင်ဟာ ဝဖြိုးတာမဟုတ်ဘဲ သူတို့ရဲ့ကျဉ်းမြောင်းတဲ့အမြင်ကို ချဲ့ပေးတာဖြစ်ကြောင်း သူတို့ သိအောင် ဂုဏ်ယူစွာ ပြောပြလိုက်ပါ။

သင့်ရဲ့သွားခေါလေးတွေကို ရယ်မောတတ်တဲ့သူတွေနဲ့တွေ့တဲ့အခါ…

  • သင့်ရိုးသားမှုကို ပေါ်လွင်စေတဲ့ အဲ့ဒီသွားလေးတွေအတွက် သင် ဘယ်လောက်ဂုဏ် ယူရကြောင်း သူတို့သိအောင် ပြောပြလိုက်ပါ။

သင့်ဆံပင်ဖြူတွေကို ရယ်မောတဲ့သူတွေနဲ့တွေ့တဲ့အခါ…

  • အဲ့ဒါတွေက ဆံပင်ဖြူတွေမဟုတ်ဘဲ သင့်ဉာဏ်ပညာကြီးမှုရဲ့ ဂုဏ်ယူစရာ အမှတ်အသား ဆိုတာ သူတို့သိအောင်ပြောပြလိုက်ပါ။

သင့်ကို ပိန်သေးမလေးလို့ ရယ်မောပြီးခေါ်တဲ့သူတွေနဲ့ တွေ့တဲ့အခါ…

  • သင်ဟာ ပိန်သေးတာမဟုတ်ဘဲ အဆီနည်းတဲ့ခန္ဓာကိုယ်လေးကို ဂုဏ်ယူစရာ ပိုင်ဆိုင်ခွင့်ရ ထားတာဖြစ်ကြောင်း သူတို့သိအောင် ပြောပြလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင့်ကို အသားမည်းတယ်လို့ ရယ်မောသူတွေနဲ့ တွေ့တဲ့အခါ …

  • သင်ဟာ အညိုရောင်သကြားခဲ၊ ကိုကိုးမှုန့်၊ ပျားရည်၊ ရွှေမှုန်လေးတွေနဲ့ ပြုလုပ်ထားတဲ့ ဂုဏ်ယူစရာ ကောင်မလေးတစ်ယောက်ဆိုတာ သူတို့သိအောင် ပြောပြလိုက်ပါ။

သင့်ကို ဂျပုမလေးလို့ ခေါ်တဲ့သူတွေနဲ့တွေ့တဲ့အခါ…

  • သင်က အရပ်ပုတာမဟုတ်ဘဲ ကျစ်ကျစ်လစ်လစ်နဲ့ ချစ်စရာကိုယ်လုံးလေးကို ကံထူးစွာ ပိုင်ဆိုင်ခွင့်ရထားတာဆိုတဲ့အကြောင်း သူတို့သိအောင် ပြောပြလိုက်ပါ။

ပြီးတော့ သင့်ရဲ့ပိုင်ဆိုင်ထားမှုလေးတွေအတွက် သင့်ကိုယ်သင်လည်း ဂုဏ်ယူကြောင်း ပြောပြလိုက်ပါဦးနော်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။