သတိရှိတဲ့စိတ်က သင့်ကိုဘာကြောင့်အောင်မြင်စေတာလဲ

blank

စာချစ်သူတို့ရေ…

သတိရှိခြင်းဆိုတာ စဉ်းစားချင့်ချိန်မှု၊ ဂရုစိုက်မှု၊ နိုးကြားမှုနဲ့ စေ့စပ်သေချာမှု တို့ရဲ့ လက္ခဏာအမှတ်အသားတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်အတွက် တန်ဖိုးရှိတဲ့ ကိုယ်ရည် ကိုယ်သွေးတစ်ခုဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ကိုလည်း ရှေ့ရှုနိုင်စေပါတယ်။ ဒါကြောင့် သတိရှိသူတစ် ယောက်အဖြစ် အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်စေမယ့် သော့ချက်လေး ၅ ခုကို စာချစ်သူတို့ အ တွက် ဝေမျှပေးလိုက်ပါတယ်နော်။

၁။ တစ်ခုခုကို မပြုလုပ်ခင် လေးနက်သေချာစွာ စဉ်းစားပါ။

၂။ တကယ်ပြုလုပ်နိုင်မှ ကတိပေးပါ။ ကတိပေးပြီးရင် ကတိတည်အောင် ကြိုးစားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။\

၃။ အချက်အလက်တွေကို ရက်စွဲနဲ့တိတိကျကျ စာအုပ်ထဲချရေးထားပါ။ အလုပ်အတွက် ကြိုတင် အချိန်ဇယားဆွဲပါ။

၎။ ဘာပဲဖြစ်ဖြစ် အရှုံးမပေးဘဲ ရှေ့ဆက်သွားပါ။

၅။ ကိုယ့်ပြဿနာကိုယ် တာဝန်ယူဖြေရှင်းပါ။

စာချစ်သူများအားလုံးလည်း အထက်ပါသော့ချက်လေး ၅ ခုကို အသုံးချရင်း အောင်မြင်မှုပန်း တိုင်ကို ရောက်ရှိနိုင်ကြပါစေ။ စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။