မလိုသူတွေရဲ့အတိုက်အခိုက်တွေကို ဘေးဖယ်ထားလိုက်ပါ။

blank

သူငယ်ချင်းရေ…

လောကသဘာဝအရ ကိုယ့်အပေါ်မလိုသူတွေဆိုတာ…

  • ကိုယ် လှရင် မုန်းကြတယ်။
  • ကိုယ် အောင်မြင်ရင် မုန်းကြတယ်။
  • ကိုယ် မှန်ကန်နေရင် မုန်းကြတယ်။
  • ကိုယ် နာမည်ကောင်းရရင် မုန်းကြတယ်။
  • ကိုယ်က လူအများရဲ့အာရုံစိုက်ခံရရင် မုန်းကြတယ်။
  • ကိုယ့်မှာ အများနဲ့မတူတဲ့ တီထွင်ဖန်တီးမှုရှိရင် မုန်းကြတယ်။
  • ကိုယ်က တခြားသူတွေထက် စိတ်ဓာတ်ကြံ့ခိုင်နေရင် မုန်းကြတယ်။
  • ကိုယ့်မှာ ကောင်းလွန်းတဲ့အတွေးအခေါ်တွေရှိနေရင် မုန်းကြတယ်။
  • ကိုယ့်ကို ပံ့ပိုးအားပေးသူတွေများရင် မုန်းကြတယ်။
  • ကိုယ် ပျော်ရွှင်နေတာမြင်ရရင် မုန်းကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်တော့ အဲ့ဒါလောကသဘာဝပါပဲ။ မုန်းတီးခြင်းရဲ့နောက်ကနေ အတိုက်အခိုက်တွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကိုပါ ယူဆောင်လာကြတယ်။ ဒါပေမဲ့ ဒါဟာ စိတ်ဓာတ်ကျစရာ၊ အရှူံးပေးစရာ၊ နောက်လှည့်ထွက်ပြေးစရာမဟုတ်ပါဘူး။ သူငယ်ချင်းရဲ့အပြစ်လည်း မဟုတ်ပါဘူး။ ဒါဟာ သူငယ်ချင်းလောက်မတော်တဲ့၊ သဘောထားမပြည့်ဝသူတွေရဲ့ အတွင်းစိတ်တွေက သူတို့ ကိုယ်သူတို့ ရောင်ပြန်ဟပ်နေကြတာပါ။ ဒါကြောင့် အတိုက်အခိုက်တွေကို အပြုံးမပျက်သာ ကိုယ့် လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်းဆက်လျှောက်လိုက်ပါ။

ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်နေတာဟာ တခြားသူတွေက ကိုယ့်အကြောင်းကိုအမြဲတမ်း တွေးပြီး တိုက်ခိုက်နေရလောက်အောင် ကိုယ့်မှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားနေပြီဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေလို့ပါ သူငယ်ချင်းရေ…။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။