အဖေတိုင်းရဲ့ မျှော်လင့်ချက်

သားတစ်ယောက်ဟာ သူ့ရဲ့ အိုမင်းနေပြီဖြစ်တဲ့အဖေနဲ့အတူ စားသောက်ဆိုင်တစ်ခုကို ညစာစားဖို့ သွားပါတယ်။ ဖခင်ဖြစ်သူဟာ အရမ်းအိုမင်းပြီး အားနည်းနေပြီဖြစ်တဲ့အတွက် စားသောက်ရင်းနဲ့ သူ့ရဲ့အင်္ကျီ၊ ဘောင်းဘီတွေပေါ်မှာ အစားအသောက်တွေ ဖိတ်ကျပေကျံကုန်တော့တာပေါ့။ တခြားသော လာရောက်စားသုံးသူတွေဟာ ရွံရှာသလို ကြည့်နေကြပေမယ့် သူ့သားကတော့ တစ်စက်ကလေးမှတောင် ရှက်ရွံ့ဟန်မပြဘဲ တည်တည်ငြိမ်ငြိမ်ပါပဲတဲ့။

ဖခင်စားသောက်လို့ ပြီးတဲ့အခါမှာတော့ သူ့သားက သန့်စင်ခန်းထဲကို တိတ်တဆိတ်ပဲ ခေါ်ဆောင်သွားပြီး ပေကျံနေတဲ့ အစားအသောက်တွေ၊ အစွန်းအထင်းတွေကို ဖယ်ရှားပေးပါတယ်။ ဆံပင်တွေကိုလည်း သပ်သပ်ရပ်ရပ်ပြန်လည်ဖြီးသင်ပေးပြီးတော့ မျက်မှန်ကိုလည်း သေသေချာချာပြန်လည် တပ်ဆင်ပေးလိုက်ပါတယ်။ သူတို့ သန့်စင်ခန်းထဲက ထွက်လာတဲ့အချိန်မှာတော့ စားသောက်ဆိုင်တစ်ခုလုံးက သူတို့သားအဖကို မှင်သက်စွာ ကြည့်ရှုနေမိတာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သားဖြစ်သူဟာ ကျသင့်ငွေကိုရှင်းလိုက်ပြီးနောက် အဖေနဲ့ အတူလမ်းလျှောက်ထွက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ စားသောက်နေသူတွေကြားက အဘိုးအိုတစ်ယောက်ဟာ သားဖြစ်သူကို လှမ်းခေါ်လိုက်ပြီးတော့ “သား တစ်ခုခုများမကျန်ခဲ့ဘူးလား” လို့မေးပါတယ်။ သားဖြစ်သူကလည်း “မကျန်ခဲ့ပါဘူးဗျ”ပေါ့။ ဒီအခါမှာ အဘိုးအိုက “ကျန်ခဲ့တာပေါ့ သားရယ်။ မင်းက သားဖြစ်သူတိုင်းအတွက် သင်ခန်းစာတစ်ခုပေးခဲ့သလို အဖေတိုင်းအတွက်လည်း မျှော်လင့်ချက်တစ်ခုပေးခဲ့တယ်လေ” လို့ပြောလိုက်ပါတော့တယ်။

ဒီစာစောင်လေးကို ဖတ်ရှုပြီး နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးခဲ့ပါဦးနော်။